Part-66(Unicode + Zawgyi)

5.5K 233 6
                                    

(Unicode)

" Happy Birthday to..you..🎶
Happy Birthday to..you..🎶
Happy Birthday ....... Dear My Husband 🎶
Happy Birthday....to you...🎶 "

"Happy Birthday My Love ဆုတောင်းပြီးဖယောင်းတိုင်မှုတ်လိုက်အုံး"

ဈာန်မင်းတခေတ်ပြောတော့ ခွန်းနှောင်ကြိုးက ခေါင်းညိတ်ကာရယ်ကာ မျက်ရည်များကိုသုတ်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကိုယှက်ကာမျက်လုံးမှိတ်၍ဆုတောင်းလိုက်ပြီး ဖယောင်းတိုင်များကိုမှုတ်လိုက်သည်။

"မွေးနေ့မှာပျော်ရွှင်ပါစေ အစ်ကိုခွန်း..."

"မွေးနေ့မှာပျော်ရွှင်ပါစေ ခွန်း.."

ငွေစင်နှင့်ထွန်းတောက်ပိုင်က ရယ်ကာပြောလာသည်။ ထို့နောက်အသီးသီးမှ ခွန်းနှောင်ကြိုးအား မွေးနေ့ဆုတောင်းများတောင်းပေးကြလေသည်။

"Happy Birthday ဖေ့.."

"ဟုတ်ပါပြီဗျာ.."

"လာလေ ကြိုးငယ် ဧည့်ခန်းထဲသွားရအောင်"

ထိုအခါမှ ခေါင်းညိတ်ကာရယ်၍ "အွန်း" ဟုပြောလာလေသည်။ ထို့နောက်အားလုံးဧည့်ခန်းထဲသို့သွားကြကာ ဆိုဖာပေါ်တွင်အသီးသီးထိုင်ကြလေသည်။

"ကြိုးငယ်.. ရော့ ကိတ်ခွဲ"

ဓားကိုပေးလိုက်တော့ ခွန်းနှောင်ကြိုးကယူကာကိတ်မုန့်ကိုခွဲလိုက်လေသည်။ ကိတ်ခွဲပြီးသောအခါ ဈာန်မင်းတခေတ်ကိုကျွေးမယ်အလုပ် ခွန်းနှောင်သွေးတခေတ်ကကြားဖြတ်ပြောလာသည်။

"ဖေ့...တားတားကိုရင်ကျွေး!!"

"ဟုတ်ပါပြီဗျာ..ဖေ့အသည်းတုံးလေးကိုအရင်ကျွေးမယ်နော်..ဟ..အာ...."

ထိုအခါနှောင်သွေးလေးက ပါးစပ်အားအကျယ်ကြီးဟပေးလေသည်။ နှောင်သွေးကိုကျွေးပြီးမှ ဈာန်မင်းတခေတ်အားကျွေးရသည်။ ပြီးနောက်ကျန်လူများအားတစ်ယောက်ပြီးတစ်ယောက်ကျွေးကာ ကျန်ကိတ်မုန့်များကိုတစ်စိတ်စီခွဲ၍ Jollyတို့အတွက်သုံးခုထည့်ကာ ‌သွားပေးရန်ခွဲထားလိုက်သည်။ ပြီးနောက် နှောင်သွေးလေးအား တစ်ခုခွဲပေးကာ ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။

"သားသား ဇွန်းနဲ့စားနော် လက်နဲ့မစားနဲ့.. ပေပွအောင်လဲမစားနဲ့နော်..ကြားလား ဖေဖေပြောတာကို.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Kde žijí příběhy. Začni objevovat