(Unicode)
မနေ့ညကပင်ပန်းခဲ့ပေမဲ့ ခေတ်ကညင်သာခဲ့တာမို့ ဒီနေ့မနက်စောစောထကာ အဝတ်များထည့်နေလိုက်သည်။ ပြီးနောက်မျက်နှာသစ်၊သွားတိုက်ပြီး ခေတ်ကိုနှိုးရတော့သည်။
"ခေတ်..ထတော့လေ..ဒီနေ့ခရီးသွားရမှာဆို.."
"အင်း..ဘယ်နှနာရီရှိပြီလဲ?"
"6နာရီခွဲပြီ"
"အင်း စောသေးတယ် ပြန်အိပ်အုံး၊ အင်္ကျီတွေထည့်ပြီးပြီလား? မနေ့ညကပင်ပန်းထားတယ်လေ.."
"ထည့်ပြီးပြီရယ်..၊ ခွန်းနည်းနည်းသက်သာလို့ အစောထလိုက်တာ..မျက်နှာတောင်သစ်ပြီးပြီ"
"ပြန်အိပ်ဆိုကွာ.."
ခွန်းအား မျက်လုံးမဖွင့်ဘဲ ပြောနေသော ခေတ်၏ပုံစံကို အူယားကာ ရယ်လိုက်မိသည်။ ထို့နောက် ခေတ်စိတ်တိုင်းကျ ပြန်အိပ်ရန်သာတတ်နိုင်တော့သည်။ ခွန်းမအိပ်ရင် ရစ်နေမှာအသေအချာပင်။ ခွန်းလဲအိပ်ရေးအနည်းငယ်ပျက်ထား၍ ခေတ်စကားကိုနားထောင်ကာ ပြန်အိပ်လိုက်သည်။
🌟🌟🌟
လေယာဉ်ချိန်က မနက်8နာရီဖြစ်လေသည်။ 7နာရီခွဲလောက်တွင် ဈာန်မင်းတခေတ်နိုးလာခဲ့သည်။မျက်နှာသစ်၊သွားတိုက်ပြီး ရေမိုးချိုးအဝတ်စားလဲကာအပြင်သို့ ပြန်ထွက်လာခဲ့သည်။ ကုတင်ပေါ်တွင်နှစ်ခြိုက်စွာ အိပ်နေသူအားကြည့်ပြီး တစ်ချက်ပြုံးမိသည်။ ထို့နောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူအား မနှိုးနေတော့ဘဲ ဈာန်မင်းတခေတ်ကိုယ်တိုင် အင်္ကျီအဝတ်စားလဲပေး၍ ဇေယံတို့အား ဖုန်းဆက်ကာလာခေါ်ခိုင်းလိုက်သည်။
.....
ဈာန်မင်းတခေတ်တို့ 'New World' လေယာဉ်ပေါ်တွင်ရောက်နေပြီဖြစ်သည်။
ဈာန်မင်းတခေတ်အိပ်ပျော်နေသူအား သက်တောင့်သက်သာရှိစေရန် First class တွင် နေရာချပေး၍ အိပ်စေသည်။
ဈာန်မင်းတခေတ်တို့မိသားစုပိုင်သောလေယာဉ်ဖြစ်တာကြောင့် ဈာန်မင်းတခေတ်တို့စုံတွဲနှင့်သူ့သူငယ်ချင်းတွေကြည့်ပဲပင်။ ဈာန်မင်းတခေတ်ရယ်၊ ခွန်းနှောင်ကြိုးရယ်၊ ဘုန်းဇေယံ၊ ထူးသက်၊ မြတ်အောင်နဲ့ ကျော်ဇင်တို့ရယ် အားလုံးပေါင်းငါးယောက်ထဲပင်။ လေယာဉ်တစ်စီးလုံးတွင် ခရီးသည်အဖြစ်လိုက်ပါစီးသူ ငါးယောက်သာရှိသည်။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
