Part-7 (Unicode + Zawgyi)

11.4K 527 34
                                    

(Unicode)

အရှေ့မှထွက်သွားသောသူနောက်ကို မပြေးရုံတမယ် လိုက်ဝင်ခဲ့လိုက်သည်။ ဆိုင်ထဲရောက်သွားတော့ ကိုယ်တော်ချောက လက်စွပ်ရွေးနေလေသည်။ ခွန်းလည်း သူ့ဘေးနားသွားရပ်ကာ ‌သူလုပ်သမျှကိုလိုက်သာကြည့်နေလိုက်သည်။

"ဒါလေးလဲ မဆိုးဘူး.."

ဈာန် လက်စွပ်တစ်စုံကိုကြည့်ကာပြောလိုက်သည်။ ဘေးမှရပ်နေသူသည် ဆိုင်ထဲသို့ဝင်လာကတည်းက ဘာမျှမပြောဘဲ တိတ်ဆိတ်စွာပင် ဈာန့်ဘေး၌ ငြိမ်ငြိမ်ကလေးရပ်နေပြီး ဈာန်လုပ်သမျှကိုသာ လိုက်ကြည့်နေ၏။

ကြာလာတော့ ဈာန်လဲစိတ်တိုလာရသည်။ ကိုယ်တစ်ယောက်ထဲ ဝတ်မှာကျနေတာပဲ။ သူက‌တော့ အငြိမ့်ဇယားလေးနှင့်ဘေးမှာရပ်ကြည့်နေသည်။ တော်တော်ကောင်းတာ...။ သို့သော်လည်း လူ‌တွေရှိသဖြင့် ဟန်မပျက်ချောင်းဟန့်ကာ မေးလိုက်သည်။

"အဟမ်းးးးလှလား..?"

"ဟင်?? ခွန်းကိုပြောတာလား??"

ရုတ်တရက် ဈာန်မင်းတခေတ်မှ ခွန်းနှောင်ကြိုးအားလှလားဟုမေးလာသောကြောင့် ခွန်းနှောင်ကြိုး မျက်လုံးလေး ကလယ်ကလယ်ဖြင့်ကြောင်ကာဈာန်မင်းတခေတ်အား ပြန်မေးလိုက်သည်။

"ကျစ်...!ဒီမှာ.. ခင်ဗျားကိုကျွန်တော်ကမပြောလို့ ဒီအစ်မကို ပြောရမှာလား? ဒီလက်စွပ်တွေက ခင်ဗျားနဲ့ကျွန်တော်ဝတ်မှာလေ..၊ ဒီအစ်မနဲ့ကျွန်တော်ဝတ်ရမှာလား?"

ဈာန်မင်းတခေတ်စိတ်မရှည်စွာ ကျစ်တစ်ချက်သပ်၍ အူကြောင်ကြောင်ဖြစ်နေသောသူကိုပြောလိုက်သည်။

လက်စွပ်များကိုပြပေးနေသောအစ်မကတော့ ပြုံးစစနှင့်ဖြစ်လို့နေကာ ‌ခေတ်၏စကားကြောင့် ကြောင်အသွားသည်။

*ဟုတ်တယ် ရွှေဆိုင်လာပါတယ်ဆို ကိုယ်ကအားအားယားယား အလှလာကြည့်တယ်များမှတ်နေလားပဲ။ မဟုတ်မှ တကယ်ပဲမသိသေးတာလား?
ဪ...ဟုတ်သား ငါကလည်းငါပဲ သူ့ကိုပြောဖို့မေ့နေတာပဲ..*

ကိုယ့်အမှားကိုသိသွားသောကြောင့် ကျုံ့ထားသည့် မျက်ခုံးတန်းများကိုအသာဖြည်ကာ ဒီဆိုင်လာသည့်အကြောင်းကို ပြောပြလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now