Part-49(Unicode + Zawgyi)

9.8K 437 45
                                    

(Unicode)

နောက်တစ်နေ့မနက်တွင် ဈာန်မင်းတခေတ်တစ်ယောက် ခွန်းနှောင်ကြိုးထက်စော၍နိုးလာခဲ့လေသည်။

ခွန်းနှောင်ကြိုးကတော့ အမြဲလိုလိုကိုးနာရီလောက်မှထဖြစ်သည်။ ညဘက်တွေဆို ထ,ကာတစ်ယောက်ထဲမှိုင်နေတတ်တာတို့၊ စကားပြောတာတွေကြောင့်ဖြစ်သည်။

ဈာန်မင်းတခေတ် ရေမိုးချိုးကာ အင်္ကျီလဲ၍နာရီကိုကြည့်လိုက်တော့ 8နာရီခွဲနေပြီ။ ကုတင်ပေါ်တွင်အိပ်နေသူအား အနမ်းတစ်ပွင့်ပေးကာ အောက်သို့ဆင်းလာလိုက်သည်။

"ကြီးမေ ကျွန်တော်သွားတော့မယ်"

"အေး အေး မနက်စာမစားတော့ဘူးလား"

"တော်ပြီ ကြီးမေ အလုပ်နည်းနည်းရှုပ်နေလို့"

"အေးကွယ်..."

"ဟုတ်ကဲ့ ဖိုးဝလေးကော ကျောင်းသွားပြီလား?"

ဈာန်မင်းတခေတ် ဖိနပ်စီးကာဘေးဘီကိုဝေ့ကြည့်၍ဒေါ်နုဝေအားမေးလိုက်သည်။

"သွားပြီ သားရေ...၊ ဒီနေ့သူ့အသင်းတဲ့လေ.."

"ဟုတ်ကဲ့ကြီးမေ ကြိုးငယ်ကိုဂရုစိုက်ပေးပါအုံးနော်.."

"အေးပါကွယ်.."

ထို့နောက်ဈာန်မင်းတခေတ် အပြင်သို့သွားလေသည်။ ဒေါ်နုဝေလဲ ခြံတံခါးကိုသေချာပိတ်ကာ အိမ်ထဲသို့ပြန်ဝင်လာလေသည်။

"ဟော် မောင်သန့်ဇေတောင်နိုးလာပြီလား?"

"ကျွန်တော်ကနိုးတာကြာပါပြီ။ အိမ်ကမိန်းမနဲ့ဖုန်းပြောနေလို့ ဟဲဟဲ..."

သန့်ဇေပြောတော့ ဒေါ်နုဝေက ခေါင်းတညိတ်ညိတ်နှင့်။ သန့်ဇေလဲ ထမင်းစားခန်းသို့ဝင်ကာ မနက်စာစားရန်ပြင်လိုက်သည်။

"သားခွန်း နိုးပြီလား? လာ..ကြီးကြီး မုန့်ဟင်းခါးချက်ထားတယ်"

"ဟုတ်ကဲ့ကြီးကြီး...၊ ကိုသန့်ဇေ Morning"

ခွန်းနှောင်ကြိုးတစ်ယောက် ဈာန်မင်းတခေတ်ထသွားပြီး ခဏအကြာတွင်နိုးလာခဲ့လေသည်။ ထို့နောက်မျက်နှာသစ်၊သွားတိုက်ကာ အင်္ကျီလဲ၍ ခေါင်းဖြီးပြီး မျက်နှာကို Sun Cream လေးလိမ်းကာအိပ်ရာသိမ်း၍ အောက်ထပ်သို့ဆင်းလာခဲ့လေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now