Part-5 (Unicode + Zawgyi)

15.3K 697 27
                                    

(Unicode)

ဒီနေ့ အိမ်ကိုခေတ်ရဲ့မိဘတွေနဲ့လူကြီးတွေလာမှာဖြစ်သည်။‌ ခွန်းကိုလာမြန်းတာပေါ့။ တင်‌တောင်းတာကော စေ့စပ်တာပါတစ်ခါတည်းလုပ်မှာဖြစ်သောကြောင့် ခွန်းပုံမှန်ထက်စောစောထ,ကာ ကြီးကြီးနုအားကူညီနေလိုက်သည်။

မနက်8နာရီလောက်တွင် ခေတ်တို့တ‌တွေအိမ်သို့ရောက်လာကြသည်။ လူကြီးတွေကတော့စီစဉ်စရာရှိတာစီစဉ်တာပေါ့။ မင်္ဂလာနေ့ကရွေးပြီးသားပေမဲ့ ဘယ်လိုလုပ်ချင်လဲဆိုတာကို ‌အန်တီမြတ်ကဒေါ်လေးကိုမေးနေလေသည်။ ဒေါ်လေးကတော့ ဘာအကြံတွေရှိမှန်းမသိပါဘူး။ ကြီးကြီးကျယ်ကျယ်ကြီးမလုပ်ဘဲ မင်္ဂလာဆွမ်းကျွေးပဲလုပ်မယ်တဲ့လေ။ ခွန်းလဲ "ဒေါ်လေးတို့သဘောပါ" ဟုပြန်ဖြေရုံပဲရှိတာပေါ့။

မနေ့ကတည်းကခွန်းကိုပြောထားကြသည်ကိုး။ မမကလျာကတော့ သိပ်မကျေနပ်ပေ။

"မင်္ဂလာပွဲကို အကျဉ်းရုံးပဲလုပ်ပေမဲ့ ညပါတီတော့လုပ်ပေးရင်ကောင်းမလားလို့။ သားငယ်ရဲ့သူငယ်ချင်းတွေလဲရှိကြသေးတယ်လေ လူငယ်တွေဆိုတော့ သူ့တို့သူငယ်ချင်းမင်္ဂလာပွဲကို ခမ်းခမ်းနားနားမဟုတ်ရင်တောင် အဲ့လောက်တော့ဖြစ်စေချင်မှာပဲလေ ဟုတ်တယ်မလား အဟင်းဟင်းး"

အန်တီမြတ်က အပြုံးလေးဖြင့်ရယ်သံနှောကာပြောလာသည်။ ဟုတ်တော့လဲဟုတ်ပါသည်။ ခွန်းတို့ကယောက်ျားလေးတွေဆိုပေမဲ့ ခေတ်ကလူငယ်လေ သူ့သူငယ်ချင်းတွေလဲရှိသေးတာဆိုတော့ ပါတီတော့လုပ်ချင်မှာပေါ့။

"ဪ...ဟုတ်တာ‌ပေါ့ မြတ်ရယ်...သားဈာန်က အခုမှ18ပြည့်ရုံပဲရှိသေးတာဆိုတော့....။သူလဲလူငယ်ပဲ
အင်းး ပါတီတော့လုပ်ချင်မှာပေါ့။ အဟင်းးး"

အန်တီမြတ်ပြောကာမှ မချိပြုံး,ပြုံးကာ ဒေါ်လေးကပြောလာသည်။ လူတိုင်းကပျော်ရွှင်စွာ စကားပြော၊စားသောက်နေကြပေမဲ့ မပျော်နိုင်ဘဲ မစားနိုင်မသောက်နိုင်တာကတော့ ခွန်းရယ်၊ ခေတ်ရယ်၊မမကလျာရယ်သာဖြစ်သည်။ ခွန်းကတော့ ခေတ်ကိုအားနာ၍မပျော်နိုင်ဖြစ်တာပါ။ ခေတ်ကတော့ သူ့စိတ်ပါ၍လက်ခံသောမင်္ဂလာပွဲမဟုတ်၍ဖြစ်သည်။ မမကလျာကတော့ ခွန်းကိုမကျေနပ်သဖြင့်ဖြစ်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now