Part-12(Unicode + Zawgyi)

21.9K 718 9
                                        

(Unicode)

နောက်တစ်နေ့မနက်ခင်းမှာတော့ ခွန်းအရင်ဆုံးနိုးလာခဲ့သည်။ ခွန်းအတွက်ကတော့ ခေတ်နဲ့အတူနိုးထခွင့်ရတိုင်း ပျော်ရွှင်စရာနေ့ရက်တွေကြည့်ပင်။ ဒီနေ့ဟာလဲ ပျော်ရွှင်‌ရသောနေ့ရက်များထဲမှ အထူးပျော်ရွှင်ရသော ဒုတိယနေ့ရက်ပင်။ ပထမနေ့ရက်ကတော့ ဒီဇင်ဘာလ25ရက်နေ့ ခွန်းတို့မင်္ဂလာဆွမ်းကျွေးသည့်နေ့ပင်။ ဒီနေ့ခွန်းနှင့်ခေတ် တရားရုံးမှာ နှစ်ဦးသဘောတူ၊ လူကြီးမိဘ အသိသက်သေများနှင့် လက်မှတ်ထိုးမည့်နေ့ပင်။

ခွန်းမျက်နှာသစ်၊သွားတိုက်ရင်း တစ်ခါတည်းရေပါချိုးလိုက်သည်။ အေးသော်လည်း ရေပူရှိသောကြောင့် တအားမအေးပေ။ ရေချိုးပြီးထွက်လာသောအခါ ခေတ်က နိုးနေပြီဖြစ်သည်။

"ခေတ်..ခွန်း ရေနွေးစပ်ပေးထားတယ်..ရေချိုးချင်ရင်ချိုးနော်.."

"အင်း"  ဟုတစ်လုံးတည်းပြောကာ ရေချိုးခန်းထဲသို့ဝင်သွားသော ဈာန်မင်းတခေတ်။ ဈာန်မင်းတခေတ်ကိုကြည့်ရင်း ပြုံးပြုံးကြီးသာ ကျန်ခဲ့သော ခွန်းနှောင်ကြိုး။ နှစ်ယောက်သားလိုက်လဲလိုက်ဖက်ပါပေသည်။

-ဒေါက် ဒေါက် ဒေါက်-

-ကျွီ-

"ဪ..ထူးသက်..ဘာကိစ္စရှိလို့လဲ?"

"ဟီးး ရော့ အစ်ကိုတို့အတွက် ကျွန်တော့်ရဲ့လက်ဖွဲ့.."

ထိုသို့ဆိုကာ ခွန်း၏လက်ထဲသို့ ဘူးနှစ်ဘူးထည့်လာပေးသည်။

"အွန်း ကျေးဇူးပါ။ ထူးသက်.."

"ဟုတ်..သွားပြီနော်..ဟိ.."

ခွန်းလဲပြုံးကာ "အွန်း" ဟုပြန်ဖြေလိုက်သည်။ ထူးသက်ဆိုတာ အဲ့လိုပင်။ အမြဲပြုံးနေတတ်သည်။ သူ့ကိုကြည့်လျှင် အမြဲပြုံးနေသောမျက်နှာကိုပင်တွေ့ရတတ်သည်။ ဝမ်းနည်းမှု၊စိတ်ညစ်မှုများကို မမြင်ရတတ်။ ထူးသက်ကပျော်ပျော်လဲနေတတ်သည်။ သူနဲ့ဆိုဘယ်တော့မှမပျင်းရ။ ဘယ်သူ့ကိုမှလဲမကြောက်သောကောင်လေးပင်။ ရေခဲရိုက်ထားသကဲ့သို့အေးစက်ကာ ရုပ်တည်သော ဈာန်မင်းတခေတ်ကိုပင် မကြောက်၊ တစ်ခါခါဆို ဆဲပါ ဆဲတတ်သေးသည်။ သို့သော် ဇေယံတစ်ချက်ဟောက်ပြီဆိုလျှင်တော့ ထူးသက်မှာဘာမျှပြန်မပြောရဲ။ ထိုအချိန်တွင်ဆို ထူးသက်၏မျက်နှာမှာ ပြိုတော့မည့်မိုးလိုပင်။ ထို့ကြောင့် ခွန်းပင်တွေးမိသေး ထူးသက်လို ဘယ်သူ့ကိုမှမကြောက်၊ ဆတ်ဆတ်ထိမခံပြန်ပြောတတ်သောသူမှာလဲ ကြောက်မဲ့သူရှိသေးတာပဲဟုပင်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now