(Unicode)
-ကျွီ-
"ထမင်းစားမယ် ကြိုးငယ်"
"အွန်း" ဟုဆိုကာ ခွန်းနှောင်ကြိုးအိပ်နေရာမှ ဖြည်းဖြည်းချင်းထလာသည်။ ဈာန်မင်းတခေတ်လည်း ထမင်းပန်းကန်များကိုစားပွဲပေါ်တွင်တင်ကာ ခွန်းနှောင်ကြိုးအားသွားထူပေးလေသည်။
"သားသားကော ခေတ်..၊ ဘာလုပ်နေလဲ?"
"သူ့ပါးပါးသက်နဲ့ဆော့နေတယ်ပြောတာပဲ..။ ကိုယ်သေချာတောင်မကြည့်လိုက်ရဘူး။ ထမင်းစားခန်းမှာဇေယံနဲ့တွေ့တယ်လေ သားအတွက်နို့လာဖျော်ပေးတာ.."
"ဪ.....ခဏနေရင် သားသားကအိပ်တော့မှာ..ခေတ်သွားခေါ်လိုက်အုံးနော်.."
ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ်၏အပြောကိုခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလိုက်သည်။
"အင်းပါ။ အခုတော့ထမင်းစားအုံး"
ထို့နောက်ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုးအားပွေ့ကာ ဆိုဖာပေါ်သို့ရွေ့ပေးလိုက်သည်။ ပြီးနောက်နှစ်ယောက်သားထမင်းစားကြတော့သည်။
.....
အောက်ထပ်ရှိဧည့်ခန်းထဲတွင်တော့ ခွန်းနှောင်သွေးတခေတ်တစ်ယောက် သူ့ပါးပါးများနှင့်ဆော့နေလေသည်။
"ဝူးးး ဝူးးးး ဝူးးးး"
"ယေးးး တားတားwin"
လက်နှင့်ဆိုင်ကယ်အရုပ်များကိုမောင်းကာ ထူးသက်နှင့်နှစ်ယောက်သားဆိုင်ကယ်ပြိုင်တမ်းကစားနေကြလေသည်။ ထို့နောက်သူနိုင်သွားလို့ပျော်နေလေရဲ့။
"သားသား ဒီမှာနို့သောက်မယ်"
"Yes, milk milk"
နို့ဟူသောအသံကြားသည်နှင့် ပျော်ကာခုန်ပေါက်နေသောခွန်းနှောင်သွေးတခေတ်ပါလေ..။ သူ့ကိုကိုယ်ဝန်ရှိစဉ်က ခွန်းနှောင်ကြိုးမှာ နွားနို့ကိုညစဉ်ညတိုင်းသောက်၍ နွားနို့ဆိုအသေအလဲကြိုက်ခဲ့သည်မလား။ ခွန်းနှောင်ကြိုးနှင့်မတူစွာ ဈာန်မင်းတခေတ်ကတော့ နွားနို့ဟူသည့်အသံကြားသည်နှင့်ပင် အော့အန်လာခဲ့လေသည်။
"ဖြည်းဖြည်းသောက်နော်.."
နို့ဗူးလေးကိုပေးလိုက်တော့ အားရပါးရစို့နေလေသည်။ နှောင်သွေးလေးသည် နို့ပြတ်ပြီဆိုပေမဲ့ယခုချိန်ထိပင် ညတိုင်းနွားနို့သောက်ပါသေးသည်။ သောက်လျှင်လည်း နို့ဗူးနှင့်မှသောက်သည်။ ခွက်နှင့်မသောက်ပေ။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
