(Unicode)
"အာ..အစ်ကိုခွန်း"
ထူးသက်ပြောသံကြားတော့ အားလုံးကခွန်းနှောင်ကြိုးကိုကြည့်ကြသည်။ ဈာန်မင်းတခေတ်ကတော့ တစ်ချက်သာကြည့်ပြီး ကော်ဖီပြန်သောက်နေသည်။
"ဇေယံနဲ့ငွေစင် မနက်စောစောစီးစီး စိန်ပြေးတိုင်းကစားနေကြတာလား? အစ်ကိုလဲပါမယ်လေ.."
သူများတွေဘာဖြစ်လို့ဘာဖြစ်မှန်းမသိဘဲ အခုမှရောက်လာပြီး စိန်ပြေးတိုင်းကစားနေကြတာလားဟု လာမေးကာ သူပါ,ပါမယ်ဟု ပြောလာသော အစ်ကိုခွန်း၏သူငယ်ချင်းအား ဇေယံနုတ်နုတ် နုတ် နုတ်စင်းချင်လာသည်။
"မဟုတ်ပါဘူးဗျာ..၊ အစ်ကိုလဲ မကြီးမငယ်နဲ့ စိန်ပြေးတိုင်းဆော့ချင်နေသေးတယ်.."
ဇေယံမကျေမချမ်းပြောလိုက်သည်။
"အာ..ဒါကတော့ ငါလဲငယ်ရာကကြီးလာတာပဲကွ! ထားပါ အခုမဆော့ရလဲ နောက်ဆိုငါဆော့ရမှာပါပဲ.."
ထွန်းတောက်ပြောသောစကား၏အဓိပ္ပာယ်ကို ခွန်းနှောင်ကြိုးနှင့် ငွေစင်ကြိုးကသာနားလည်လေသည်။
"ဘာတွေစကားကောင်းနေကြတာတုန်း.."
"ကိုကို..." ဟုဆိုကာ ငွေစင်ကြိုးက သူ့ခင်ပွန်းအသစ်စက်စက်လေးအား သွားချွဲလေသည်။
ဇေယံလဲ ပိုင်ရှင်ရောက်လာ၍ မကောင်းတတ်သောကြောင့် လွှတ်ပေးလိုက်လေသည်။
"လာ..ဒီမှာ Honeyကြိုက်တဲ့မုန့်ဝယ်လာတယ်.."
"ဟုတ်ကဲ့" ဟုဆိုကာ သူ့ခင်ပွန်းလက်ကိုတွဲကာ စားပွဲဆီသို့ရောက်လာလေသည်။ ဇေယံ့ကိုလည်း မျက်စောင်းလဲချီလိုက်သေးသည်။
"ကိုကို.. ကိုကိုအပြင်သွားတာဆိုလဲ ပိုင့်ကိုပြောသွားတာမဟုတ်ဘူး။ အခုတော့ ပိုင်ကအိပ်ရာနိုးတာနဲ့
ကိုကို့ကို မမြင်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားတာ.."
ထွန်းတောက်ကလဲ သူ့ချစ်သူဆီသွားကာ သွားချွဲနေလေသည်။
"ဟုတ်ပါ့..ကိုကို့ကလေးလေးကို ပြောသွားရမှာကို..၊ ကိုကိုက ကလေးအိပ်ရေးပျက်မှာစိုးလို့ပါ ကလေးရဲ့.."
မိုးမြင့်ကအစောထကာ သူ့ညီဝမ်းကွဲဖြစ်သူနှင့်မနက်စာထွက်လိုက်ဝယ်တာဖြစ်သည်။ ထို့ကြောင့်သူ့ချစ်သူကိုမပြောဘဲထ,သွားခဲ့တာပင်။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
