Part-45 (Unicode + Zawgyi)

17.8K 589 43
                                        

(Unicode)


ညနေတွင်တော့ ဈာန်မင်းတခေတ်တို့နှစ်ယောက် မိဘနှစ်ပါးကိုနှုတ်ဆက်ကာ အိမ်သို့ပြန်ရန်ပြင်ဆင်နေကြသည်။ ဒေါ်မြတ်သီရိနွယ်က ညစာပါ,အတင်းစားသွားခိုင်းသောကြောင့် ငြင်းမရသည့်အဆုံး နှစ်ယောက်သားညစာစားပြီးမှသာပြန်လာခဲ့လိုက်ကြသည်။

"ခေတ်.."

"အင်း"

"မနက်ဖြန် လိုက်ပို့မှာမလား?"

"အင်း ပို့ပေးမယ်.."

"ဟုတ်ပါပြီ"

ထို့နောက်ခွန်းနှောင်ကြိုးဘာမှဆက်မပြောတော့ဘဲ ကားပြတင်းမှန်မှတစ်ဆင့်အပြင်ကိုငေးကြည့်နေလိုက်သည်။ ခဏကြာတော့ခွန်းနှောင်ကြိုးအိပ်ပျော်သွားလေသည်။

အိမ်ပြန်ရောက်တော့ အချိန်က ည7နာရီခွဲပြီးပြီ။ ထို့ကြောင့် အိပ်နေသူအားနှိုးမနေတော့ဘဲ ခြံတံခါးကိုလဲကိုယ်တိုင်သာဆင်းဖွင့်လိုက်သည်။ ပြီးနောက်သေချာပြန်ပိတ်ကာ အိမ်တံခါးဖွင့်၍ ကားထဲတွင်အိပ်နေသူအား ပွေ့ချီကာအိမ်ပေါ်ထပ်ရှိ သူတို့နှစ်ယောက်၏အိပ်ခန်းထဲသို့ပွေ့လာခဲ့လိုက်သည်။ ကုတင်ပေါ်သို့အသာချပေးကာ အောက်ထပ်ပြန်ဆင်း၍ အိမ်တံခါးကိုပြန်ပိတ်ရသေးသည်။

ဒေါ်အေးမရှိတော့ ခြံတံခါးရော အိမ်တံခါးပါမကျန် ဈာန်မင်းတခေတ်နှင့်ခွန်းနှောင်ကြိုးတို့က ဦးတဲ့သူပိတ်လိုက်တာပင်။

*အင်း အိမ်အကူတစ်ယောက်တော့လိုပြီပဲ..။*

တံခါးများကိုသေချာစစ်ကာ အိမ်ပေါ်ထပ်သို့ပြန်တက်လာခဲ့သည်။ ထို့နောက် ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်သွားတိုက်လိုက်သည်။ ရေကမေမေတို့အိမ်မှာချိုးခဲ့လို့ ထပ်ချိုးစရာမလိုတော့ပေ။

ရေချိုးခန်းထဲမှထွက်လာတော့ နာရီကိုကြည့်လိုက်တာ8နာရီတောင်ရှိသွားပြီ။ ခွန်းနှောင်ကြိုး၏ဆေးသောက်ချိန်ဖြစ်တာကြောင့် အိပ်နေသူအား နှိုးကာ ဆေးတိုက်ရပြန်သည်။

"ကြိုးငယ်..."

"ကြိုးငယ်.. ထပါအုံး ဆေးသောက်ရအုံးမယ်လေ.."

ဈာန်မင်းတခေတ်နှိုးတော့ ခွန်းနှောင်ကြိုးက အင်းအဲလုပ်ကာ ထ,လာသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now