Part-33( Unicode + Zawgyi)

10.4K 435 17
                                    

(Unicode)

"လာ..ခွန်း မုန့်စားမယ်..."

ထွန်းတောက်က ခွန်းနှောင်ကြိုးအားခေါ်လိုက်ကာ ဘေးခုံကို ဆွဲပေးသည်။

"ဘာသောက်မလဲ? ကော်ဖီသောက်မလား? နွားနို့သောက်မလား? ဒါမှမဟုတ်....ချောကလက်ပူပူလေးပဲသောက်မလား?"

"ချောကလက်ပဲသောက်တော့မယ်..နွားနို့ဆိုတဲ့အသံကြားတာနဲ့တင် အန်ချင်လာလို့.."

"အင်းပါ..။ ဒါနဲ့ မနေ့က ရေဆော့တာကြာသွားတယ်ဆို..သက်သာရဲ့လား? သန့်ဇေ မင်းငါ့ခွန်းကို ဆေးရောသေချာထိုးပေးရဲ့လား? ဒီမှာကိုယ်ကနွေးနေသေးတယ်.."

ထွန်းတောက်တစ်ယောက် ခွန်းနှောင်ကြိုး၏နှဖူးအားလက်ဖြင့်စမ်းကာ သန့်ဇေအားပြောလိုက်သည်။

"ထိုးပေးထားပါတယ်ကွာ..မင်းလဲနော်..ဈာန်ကသူယောက်ျားလား မင်းကသူ့ယောက်ျားလား ကွဲကိုမကွဲတော့ဘူး!"

သန့်ဇေတစ်ယောက် နောက်ဆုံးစကားကိုခပ်တိုးတိုးသာပြောလိုက်သည်။ ထို့ကြောင့် သူ့ဘေးတွင်ထိုင်နေသော ထူးသက်နှင့် ငွေစင်မှလွဲတစ်ခြားသူတွေသိပ်မကြားလိုက်။ သို့သော် ထွန်းတောက်မပါပေ။

"ဟေ့ကောင် တိုးတိုး တိုးတိုးပြောမနေနဲ့! ငါကြားတယ်နော်....၊ ဘာဖြစ်လဲ ငါ့အချစ်ကလေးကိုငါဂရုစိုက်တာ..နောက်ဆိုပိုတောင်ဂရုစိုက်အုံးမှာ.."

"သူ့ယောက်ျားနဲ့ မင်းလင်ငါ့အစ်ကိုကကြည်ဖြူမလားကြည့်ကြသေးတာပေါ့!"

ထိုသို့ဖြင့်နှစ်ယောက်သားစကားများနေကြလေသည်။ ဈာန်မင်းတခေတ်ကလည်း ဘာမှမပြောဘဲ ထိုင်၍သာကော်ဖီသောက်နေသည်။ မိုးမြင့်ခေါင်ကတော့ ရယ်ကာခေါင်းတယမ်းယမ်း..။

"နောက်ဆုံးတော့နိုးလာပြီပေါ့.."

မြတ်အောင်မှ ဈာန်မင်းတခေတ်အားစကားစ,ကာမေးလိုက်သည်။

"မင်းတို့ရယ်သံကြောင့် နိုးလာတာလေ..၊ ရယ်နေတာများ ခုနစ်အိမ်ကြား ရှစ်အိမ်ကြားပဲ.."

ဈာန်မင်းတခေတ်ထိုသို့ပြောလိုက်သောအခါ ငွေစင်တစ်ယောက် ကြောင်အ,သွားလေသည်။ အဘယ်ကြောင့်ဆိုသော် အိမ်ရှိအခန်းတိုင်းသည် အသံလုံစနစ်ရှိသောကြောင့်ဖြစ်သည်။ အပြင်မှအသံများအား အတွင်းမှမကြားရ။ အတွင်းမှအသံများကိုလဲ အပြင်မှမကြားရပေ။ ထို့ကြောင့် ငွေစင်‌တစ်ယောက် စကားလုံးတစ်လုံးသာပြောနိုင်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now