Part-76(Final) (Unicode + Zawgyi)

9.4K 242 22
                                    

(Unicode)

နောက်တစ်နေ့တွင်တော့ဈာန်မင်းတခေတ်၏မွေးနေ့ပွဲတွင်ဖြစ်ပျက်ခဲ့သောဗီဒီယိုဖိုင်များသည် social media ပေါ်တွင်ပြန့်နှံ့နေသလို သူတို့မိသားစုပုံသည်လည်းပြန့်နှံ့နေခဲ့သည်။

ရှုံ့ချသူလည်းများသလို ဝမ်းသာပေးကြ၍ထောက်ခံပေးကြသူများလည်းရှိလေသည်။ 100%မှာ 75%သည်ထောက်ခံပေးကြသူဖြစ်ပြီး 20%မှာကဲ့ရဲ့ရှုံ့ချသူများဖြစ်သူလေသည်။ ကျန်5%ကတော့ ထောက်ခံပေးတာလည်းမဟုတ်သလို ကဲ့ရဲ့ရှုံ့ချတာလည်းမလုပ်ပေ။ ထိုသူများကတော့ ဤသို့အဆိုကိုလက်ကိုင်ထားကြသောသူများဖြစ်လေသည်။

'ကဲ့ရဲ့လည်းကိုယ့်ထမင်းကိုယ်စားပြီးကိုယ်လုပ်မှကိုယ်ရတာ ထောက်ခံပေးတော့လည်းဘာမှထူးခြားသွားမနေဘူး။ သူတို့ကိုအချိန်ပေးနေမဲ့အစား ကိုယ်အလုပ်ကိုယ်အာရုံစိုက်လိုက်တာမှပိုကောင်းတယ်' ဟူသောအဆိုဖြစ်လေသည်။

မွေးနေ့ပွဲတွင်ဖြစ်ပျက်သွားသောထိုအဖြစ်အပျက်တို့အား ကပ်ပရှင်းမျိုးစုံနှင့်တင်ကြ၊ရှဲကြသည်။ ထို့အထဲမှဈာန်မင်းတခေတ်၏ဗီဒီယိုဖိုင်တစ်ခုသည်ကြည့်ရှုပေါင်းမီလီယံနဲ့ချီပြီးရှိ‌လေသည်။ ထိုဗီဒီယိုတွင်ခွန်းနှောင်ကြိုးအကြောင်းကိုအဓိကထားပြောသွားပြီး ဦးစဝ်စံမင်းမဟာတို့ပါ,ပါသေးသည်။

ထိုဗီဒီယို၏ကပ်ပရှင်းကတော့ ဤသို့ဖြစ်လေသည်။ * 'New World' ဆက်ခံသူ‌ရဲ့ခင်ပွန်းက တော်ဝင်စော်ဘွားမျိုးနွယ်လား? * ဟူသောကပ်ပရှင်းပင်။ ‌ဗီဒီယိုထဲတွင်တော့ ဤသို့ဖြစ်လေသည်။

"အားလုံးပဲ ကျွန်တော့်ခင်ပွန်းကိုစော်ကားပြောဆိုပြီးကိုယ်ထိလက်ရောက်လုပ်သွားတဲ့ထိုမိန်းကလေးကို ကျွန်တော်တရားစွဲပါမယ်။ပြီးတော့ကျွန်တော့်ခင်ပွန်းက ထိုမိန်းကလေးပြောသလိုအဆင့်အတန်းမရှိတဲ့အောက်ခြေကလူတစ်ယောက်မဟုတ်ပါဘူး။ ဒါကိုဘာကြောင့်ပြောသလဲဆို ခင်ဗျားတို့အားလုံးကျွန်တော့်ခင်ပွန်းအပေါ်သိချင်စိတ်တွေပြင်းပြပြီးလိုက်စုံစမ်းမှာကိုမလိုချင်လို့ပဲ! ကျွန်တော်ကကျွန်တော့်ခင်ပွန်းကို ကျွန်တော်ကသူနဲ့တောင်မထိုက်တန်ဘူးလို့တောင်ခံစားမိသေးတာ..."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Où les histoires vivent. Découvrez maintenant