(Unicode)
ထိုနေ့မှစ ထူးသက်တို့နှစ်ယောက်သည်ပေါ်တင်တွဲကာ ရိုလာကြသည်။ ထို့ကြောင့်ငွေစင်ပင်အမြင်ကပ်လာလေသည်။ ငွေစင်တို့အတွဲနှင့် ထူးသက်တို့အတွဲသည် အရိုပြိုင်နေကြလေသည်။
သေချာပေါက် ဇေယံနှင့်သန့်ဇေက စိတ်မပါဘူးပေါ့။ သို့သော်လည်းစိတ်မပါသော်ငြား ချစ်ရသူများ၏အလိုကိုလိုက်ကာ သူတို့ပါလိုက်လျောညီထွေစွာဆက်ဆံပေးနေရသည်။
လတွေတဖြည်းဖြည်းကုန်လွန်လာလိုက်တာဆောင်းမှနွေသို့ပင်ကူးလေပြီ။ ငွေစင်ဟာလည်း ယခုဆိုလျှင်ကလေးလေးပင်မွေးပြီးပြီဖြစ်သည်။ ငွေစင့်ကလေးလေးသည် သမီးမိန်းကလေးဖြစ်လေသည်။
ငွေစင်က သူမ,၏သမီးလေးကို3လပိုင်း15ရက်နေ့တွင်ချောချောရှုရှုမွေးဖွားလေသည်။ ကလေးလေး၏နာမည်က နန်းရွှေပွင့်လွှာဖြစ်သည်။ နာမည်လေးကလည်းလှသလို လူလေးကလည်းအင်မတန်ချစ်ဖို့ကောင်းလေသည်။ မိခင်ဖြစ်သူ၏အသားအရည်ကော ရုပ်ရည်ကိုကောယူထားတာကြောင့် နှင်းပွင့်လေးလိုဖြူဖွေးကာ ပါးလေးမှာလည်းဖောင်းကားနေလေသည်။
အသားအရည်မှာဖြူဖွေးဝင်းဝါနေတာကြောင့် အိမ်ရှိလူများသည် နန်းရွှေပွင့်လွှာလေးအား နှင်းပွင့်လေးဟုပင်ခေါ်ကြသေးသည်။ နှောင်သွေးလေးသည်လည်း သူ၏ညီမဝမ်းကွဲဖြစ်သူအား သည်းသည်းလှုပ်ဖြစ်နေလေသည်။
ထို့ကြောင့်ဖခင်ဖြစ်သူခွန်းနှောင်ကြိုးအား ထိုသို့ချစ်ဖို့ကောင်းသောညီမလေးကိုသာအတင်းမွေးခိုင်းနေလေသည်။ ယခုဆိုလျှင်ခွန်းနှောင်ကြိုး၏ဗိုက်သည်8လပင်ရှိနေလေပြီ။ နန်းရွှေပွင့်လွှာလေးကိုမွေးပြီးသည်မှာတစ်လပင်ရှိနေလေပြီ။
ယခုလသည် 4လပိုင်းဖြစ်လေသည်။ နွေရာသီဖြစ်သောကြောင့်အလွန်ပင်ပူအိုက်လှသည်။ နဂိုကတည်းကမှအအေးကြိုက်သောနှောင်သွေးတစ်ယောက် နွေရာသီကိုအမြန်ပင်ပြီးဆုံးစေချင်နေသည်။
"ဖေ့.. ပူတယ်.."
"လာ..ဒီနားကို..ပန်ကာဖွင့်ထားတယ်"
"ဝုတ်"
ထိုသို့ပြောကာ ဆော့နေရင်းမှဆိုဖာပေါ်တွင်ထိုင်နေသောခွန်းနှောင်ကြိုးတို့ရှိရာသို့ရောက်လာလေသည်။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
