Part-73(Unicode + Zawgyi)

4.2K 168 6
                                    

(Unicode)

နေ့လယ်11နာရီတွင် ကလေးများကိုနှိုးကာထမင်းစားရန်အတွက်အောက်ထပ်သို့မိသားစုငါးယောက်သားဆင်းလာခဲ့ကြသည်။

ထွန်းတောက်တို့ကိုလည်းနေ့လယ်စာစားဖို့ခေါ်ခဲ့ပြီး သူငယ်ချင်းများအားလုံးတူတူနေ့လယ်စာစားကြသည်။

နေ့လယ်စာစားပြီးသော် ကလေးများကိုခေါ်၍ ခွန်းနှောင်ကြိုး၊ထွန်းတောက်နှင့်ထူးသက်တို့သုံးယောက်က ကလေးများနှင့်အတူလျှောက်လေသည်။

ဈာန်မင်းတခေတ်ကတော့ ဧည့်ခန်းထဲတွင်သာမိုးမြင့်ခေါင်နှင့်အတူကျန်သူငယ်ချင်းများနှင့်နေခဲ့၍စကားပြောနေကြသည်။

နာရီဝက်လောက်လမ်းလျှောက်အပြီးတွင် အိမ်ထဲသို့ပြန်ဝင်ကြပြီး ကလေးများကသူတို့ဒယ်ဒီရှိရာသို့သွားကြသည်။ ထူးသက်ကလည်းဧည့်ခန်းထဲသို့ကလေးများနှင့်အတူဝင်သွားကာစကားသွားပြောသည်။ ခွန်းနှောင်ကြိုးနှင့်ထွန်းတောက်ကတော့အားလုံးသောက်ရန်အတွက်မီးဖို‌ချောင်ထဲသွား၍အသီးဖျော်ရည်ဖျော်ကြသည်။

မီးဖိုချောင်ထဲတွင်တော့ ခွန်းနှောင်ကြိုးရယ်၊ ထွန်းတောက်ရယ်၊ ပိုးပိုးဖြူရယ်သာရှိလေသည်။

ပိုပိုးဖြူပါကူလုပ်ပေးတာကြောင့် ဖျော်ရည်မှာမြန်မြန်ဆန်ဆန်ပင်ပြီးမြောက်သွားသည်။ ထို့နောက်သုံးယောက်သားဖျော်ရည်ခွက်များကိုခွဲယူကာဧည့်ခန်းထဲသို့ယူလာကြ‌သည်။

"ခေတ်..ဒီမှာအအေး"

ခွန်း ခေတ်ကိုအအေးတစ်ခွက်ပေးလိုက်ပြီး နောက်မှကလေးတွေကိုယူပေးလိုက်သည်။ ခေတ်ကအအေးခွက်ကိုယူပြီးတစ်ငုံသောက်ကာစကားပြန်ပြောလေသည်။

ခွန်းတို့အားလုံးဧည့်ခန်းထဲတွင်ထိုင်၍စကားပြောလိုက်တာ နာရီဝက်ဖြင့်တောင်ကြာသွားလေသည်။ ခွန်းနာရီတစ်ချက်ကြည့်ကာ ကလေးတွေကိုပြန်သိပ်ရန်ပြင်လိုက်သည်။

"ကဲကလေးတွေ နေ့လယ်ခင်းတစ်ရေးအိပ်ကြမယ်"

"အိတ်ချင်ဘူး....ဒယ့်...ဟင့်.."

သံစဉ်လေးကမအိပ်ချင်သ၍ငိုမဲ့မဲ့ဖြင့်သူ့ဒယ်ဒီအားပြောလေသည်။ ထို့နောက်လိုရာလေးကလည်းပြောလာသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now