(Unicode)
အိမ်ပြန်ရောက်သောအခါ ခွန်း ခေတ်ကိုအရင်ဆုံးရှာမိသည်။ ခေတ်က အောက်ထပ်ဧည့်ခန်းမှာမရှိ။ ထို့ကြောင့် အိမ်ပေါ်ထပ်မှ ခွန်းတို့နေသောအိပ်ခန်းထဲသို့ ဝင်ကြည့်လိုက်သည်။ သို့သော်ခေတ်က အိပ်ခန်းထဲမှာလဲမရှိ။
ထို့ကြောင့် အောက်ထပ်ပြန်ဆင်းကာ မီးဖိုချောင်ထဲဝင်၍ အိမ်အကူအန်တီကြီးကိုမေးကြည့်လိုက်သည်။ အိမ်အကူအန်တီကြီးက မြန်မာပဲမလို့ ခွန်းဘာသာစကားအခက်မတွေ့ရပေ။ ထိုအန်တီကြီးပြောချက်အရ ခေတ်တို့သူငယ်ချင်းတစ်သိုက် အနောက်ဘက်ရှိရေကူးကန်တွင် ရေကူးနေကြသည်ဟုပြောသည်။
ထိုအန်တီကြီးက ခေတ်တို့အတွက်အချိုရည်များမုန့်များပြင်ဆင်ပေးနေတာဟုလည်းပြောသေးသည်။ ထို့ကြောင့် ခွန်းထိုမုန့်ပန်းကန်များကိုတစ်ဝက်ယူပေးကာ ထိုအန်တီကြီးနောက်မှ လိုက်လာခဲ့သည်။
ပိုင်ကတော့ နားချင်ပြီဟုဆိုကာ ရောက်တာနှင့် သူ့အိပ်ခန်းထဲသို့ဝင်သွားသောကြောင့် ခွန်းနှင့်အတူ ရေကူးကန်သို့မလိုက်ပေ။
ရေကူးကန်သို့ရောက်သောအခါ ခွန်း ခေတ်ကိုရှာမိပြန်သည်။ ခေတ်ကခုံတွင်လှဲကာ အိပ်နေသည်။ သူ့သူငယ်ချင်းများကတော့ ရေကူးနေကြသည်။ ငွေစင်ကတော့ ခေတ်နှင့်အတူ ထိုင်ကာ ရေကူးနေသောသူငယ်ချင်းတစ်သိုက်ကိုကြည့်နေသည်။
"အစ်ကိုခွန်း လာ.."
ခွန်းကိုတွေ့တာနှင့် ငွေစင်ကလှမ်းခေါ်သည်။ ငွေစင့်ခေါ်သံကြောင့် ခေတ်က မျက်လုံးမှိတ်နေရာမှ ဖွင့်ကာ ခွန်းအားမျက်မှောင်ကြုတ်၍ စိုက်ကြည့်လာသည်။
"ငွေစင်တို့သောက်ဖို့.."
"အာ..အစ်ကိုခွန်းက ဘာလို့ယူလာတာလဲ..အန်တီကြီးကလည်း အစ်ကိုခွန်းကို သယ်လာခိုင်းတယ်..အိမ်ကကောင်မလေးတွေကိုယူလာခိုင်းတာမဟုတ်ဘူး"
"အန်တီလဲပြောပါတယ်ကွယ်..သားခွန်းကသူယူမယ်ကြည့်ဇွတ်ပြောနေတော့ အန်တီလဲမတတ်နိုင်လို့ တစ်ဝက်ပဲကူသယ်ခိုင်းလိုက်တာရယ်"
"အန်တီကြီးအပြစ်မဟုတ်ပါဘူး ငွေစင်ရယ်...အစ်ကိုကကို ဒီတိုင်းလက်ဗလာနဲ့မလာချင်လို့ပါ.."
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
