Part-44(Unicode + Zawgyi)

8.6K 358 12
                                    

(Unicode)

(Tulip's Note - ကြိုတင်သတိပေးပါရစေ။
ဒီတစ်ပိုင်းလုံးခွေးစာဖြစ်သဖြင့် အစားလွန်၍သေနိုင်သည်။ ကြိုက်သူများ,များများစားကြပါ။)

ရေချိုးပြီးသောအခါဈာန်ထိုကောင်လေးအား အိမ်မှာကျန်ခဲ့သည့်ဈာန့်အဝတ်စားများထဲမှတစ်ထည်ကိုဗီရိုထဲမှထုတ်ပေးလိုက်သည်။

ခွန်း ခေတ်ပေးသည့်အင်္ကျီကိုဝတ်ကာ စောနကဘောင်းဘီကိုသာပြန်ဝတ်လိုက်သည်။

တော်ပါသေးသည်။ ခေတ်က ဘောင်းဘီကိုချွတ်ထားခဲ့လို့ပေါ့..။ မဟုတ်လျှင် စေ့စပ်တဲ့နေ့ကလို ရှပ်အင်္ကျီနှင့် Boxerပဲဝတ်ရမည့်အဖြစ်ပင်။

ခွန်း ကုတင်ပေါ်မှနေ၍ အင်္ကျီဝတ်နေသော ခေတ်အား မျက်စောင်းလေးထိုးလိုက်သည်။

"ဟော်ဗျာ..ကိုယ့်ကိုဘာလို့မျက်စောင်းလာထိုးနေရတာလဲ? ကြိုးငယ် ကိုက်လို့ဒီမှာအကွင်းလိုက်ကြီးဖြစ်သွားတာနော်.."

ထိုသို့ပြောကာ ဈာန်မင်းတခေတ် လက်တွင်ရှိသောကိုက်ရာကိုပြလိုက်သည်။

"အဲ့လိုဖြစ်အောင်ခေတ်‌လုပ်တာလေ....! ဟွန့်!"

ခွန်းနှောင်ကြိုး ပြောကာ လက်ပိုက်၍ဘေးတစ်ဖက်သို့လှည့်လိုက်သည်။ ဈာန်မင်းတခေတ် အင်္ကျီအဝတ်စားဝတ်ပြီးသည်နှင့် ကုတင်သို့ လျှောက်လာကာ ထိုင်လိုက်သည်။

"အဲ့လိုလုပ်ချင်အောင် ကြိုးငယ်က ဘာလို့အရမ်းချစ်ဖို့ကောင်းနေတာလဲပြော?"

"ဟွန်းး နောက်ဆုံးတော့လည်း ခွန်းအမှားပဲပေါ့ ဟုတ်လား? ခေတ် လူဆိုး.."

"မွ.. အသည်းယားအောင်မလုပ်နဲ့! သမာဓိကခိုင်တာမဟုတ်ဘူး။ အခုချက်ချင်း တစ်ချီစ,ပစ်လိုက်လို့ရတယ်။ ခင်ဗျားကိုယ်ဝန်ကြီးနဲ့မလို့.."

"ကိုယ်ဝန်ရှိတာတောင် ခေတ်ကအလွတ်ပေးလို့လား? မရ,ရတဲ့ဟာလုပ်တာပဲလေ.."

ခွန်း နှုတ်ခမ်းစူကာ ပြောလိုက်သည်။ ထိုအခါဈာန်မင်းတခေတ်ကအသည်းယားလာကာခွန်းနှောင်ကြိုး၏ပါးအား ကိုက်လေတော့သည်။

"အာ့.."

-ဘုန်း ဘုန်း-

"နာတယ်လေ.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now