Part-22(Unicode + Zawgyi)

20.4K 661 94
                                        

(Unicode)

ရက်တွေတဖြည်းဖြည်းနဲ့ကုန်လွန်လာခဲ့တာ နောက်တစ်လကိုပင် ကူးပြောင်းတော့မည်။ ဒီနေ့ကလကုန်ရက်ဆိုတော့ ခွန်းတစ်နေကုန်ဆိုင်မှာပင်။ လကုန်ရက်ဆိုတော့ လူတွေကကိုယ့်ချစ်ရသူများနှင့်အတူ ရုပ်ရှင်ကြည့်၊ ကော်ဖီသောက်ကာ Dateလုပ်ကြသည်မလား။ ထို့နောက် ကောင်လေးများက သူတို့ကောင်မလေးတွေအတွက် လက်ဆောင်ယူသွားကြသည်မဟုတ်လား။ ချစ်သူနှင့်Dateလျှင်တစ်ဖက်မိန်းကလေးကိုပေးမည့် အကောင်ဆုံးလက်ဆောင်က ပန်းပဲ‌လေ။

ဒါကြောင့်တစ်နေကုန်ကို ခွန်းတစ်ယောက်တည်းလက်မလည်ပေ။ ထို့ကြောင့် ပိုင့်ကိုအကူညီတောင်းကာ ကူရောင်းပေးရန်ပြောထားရ‌သည်။ တော်သေးသည်က ပိုင်ကအခုထိရန်ကုန်မှာပဲရှိနေသေးလို့ပင်။ သူ့ကောင်လေးက ရန်ကုန်မှာ အလုပ်နည်းနည်းရှုပ်နေသည်တဲ့လေ။

"အားးပင်ပန်းလိုက်တာ....၊ ဒီနေ့လူတော်တော်ကျတာပဲ..။ ခါတိုင်းလကုန်ရက်တွေလိုမဟုတ်ဘူး"

"ဟုတ်တယ်နော်..၊ ဒီနေ့လူပိုကျသလိုပဲ.."

"အင်း မင်းပြန်တော့မှာမလား ခွန်း"

"အင်း 6နာရီ‌တောင်ရှိဆိုတော့ ပြန်မယ်လေ.."

ဒီနေ့လူပိုကျ၍ 6နာရီထိပင် ခွန်းမှာအိမ်မပြန်ရသေး။

"ဟုတ်ပြီဗျာ.."

"အဲ့တာဆို ဆိုင်သိမ်းမယ်လေ"

ခွန်းနှောင်ကြိုး ထွန်းတောက်ပိုင်အားပြောကာ ဆိုင်သိမ်းရန်လုပ်လိုက်သည်။ ဆိုင်သိမ်းနေတုန်းပင် ဝယ်သူတစ်ယောက်ကရောက်လာလေသည်။

"ဆိုင်ပိတ်သွားပြီလားဗျ၊ ကျွန်တော်ပန်းဝယ်ချင်သေးလို့ပါ"

"ဪ..ဆိုင်ကတော့ပိတ်နေပြီဗျ၊ လိုချင်ရင်တော့ ရောင်းပေးပါမယ်"

"ကျေးဇူးပါဗျာ..ကျွန်တော့်ကောင်မလေးနဲ့ချိန်းထားတာက ညဘက်ဖြစ်နေလို့ပါ"

"ရပါတယ်ဗျာ..ဘာပန်းယူမလဲ မသိဘူး"

"လီလီပန်းရှိသေးလား၊ သူကလီလီပန်းဆိုတအားကြိုက်တာ.."

"ရှိတယ်ဗျ၊ ဘယ်လောက်ဖိုးယူမလဲမသိဘူး"

"5000ဖိုးလောက်ပေးပါနော်"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now