Part-15(Unicode+ Zawgyi)

13.8K 559 31
                                    

(Unicode)

"ဒါဆို..ငါဘယ်လိုလုပ်ရမလဲ?"

"မင်း အစ်ကိုခွန်းနဲ့ဒီညအတူနေလိုက်!!!"

ထူးသက်တစ်ယောက် သူငယ်ချင်းဖြစ်သူအားအားကြိုးမာန်တက်ကူညီနေလေသည်။ ကျန်သူများမှာတော့ ထူးသက်အားလက်မြှောက်ထားပြီဖြစ်သောကြောင့် Whiskey ကိုသာအေးဆေးစွာသောက်နေကြသည်။

"ဖြစ်ပါ့မလား? သူလက်မခံရင်ကော?"

"ဖြစ်တာပေါ့!သိပ်ကိုဖြစ်တာ..ငါ့ကိုယုံလိုက်စမ်းပါ ဈာန်ရာ.."

ဈာန်မင်းတ‌ခေတ်လဲ သူ့အရေးအား, အားကြိုးမာန်တက်ကူညီပေးနေသောထူးသက်ကိုမငြင်းချင်သောကြောင့် ခွန်းနှောင်ကြိုးနှင့်အတူနေရန်ဆုံးဖြတ်လိုက်သည်။

"ဟေ့ကောင် ချော့လဲချော့အုံးနော်..သူများသားကိုယူထားပြီးတစ်ပတ်ပဲရှိသေးတယ် ငိုအောင်စလုပ်ပြီ.."

ကျော်ဇင်မှ ဈာန်မင်းတခေတ်အားသတိပေးလိုက်သည်။ ထူးသက်ဆိုသည့်ကောင်မှာ ဟိုဒင်းလုပ်ဖို့ကိုသာအကြံပေးနေသည်။ အဓိကကိုကျမေ့နေ၊ တော်တော်ကောင်းတဲ့ဦးနှောက်။

"ဟုတ်ပြီ..ငါ..ချော့လိုက်မယ်..ခွန်းနှောင်ကြိုးကို.."

ထိုသို့ပြောလိုက်သောအခါ အားလုံးမှ ခေါင်းညိတ်ကာ ဈာန်မင်းတခေတ်၏ခွက်ထဲသို့ Whiskey များထပ်ထည့်ပေးလိုက်သည်။ ဈာန်မင်းတခေတ်လဲWhiskeyကိုသာ ‌ထိုင်သောက်နေသောကြောင့် ရေချိန်မှာအတော်လေးကိုက်နေပြီဖြစ်သည်။ ထို့ကြောင့်အချိန်မေးကာပြန်ရန်လုပ်လိုက်သည်။

"9နာရီခွဲကျော်ပြီ၊ နေပါဦးမင်းမှာလဲနာရီပါတာကိုဘာလို့ငါ့ကိုလာမေးနေတာလဲ?"

မြတ်အောင် သူ့အားအချိန်လာမေးသောသူငယ်ချင်းဖြစ်သူ ဈာန်မင်းတခေတ်ကိုမကျေနပ်စွာပြောလိုက်သည်။

"ငါ..အေ့..ငါ..မမြင်ရတော့ဘူး..အေ့..ဝါး...ဝါး..နေပြီ.."

"ဟေ့ကောင်တွေ ဈာန့်ကိုအိမ်ပြန်ပို့ကြမယ်..ဒီထက်နောက်ကျရင်မကောင်းဘူး။ အစ်ကိုခွန်းစိတ်ပူနေလိမ့်မယ်.."

ဇေယံ သူငယ်ချင်းများအားပြောလိုက်သည်။ ထူးသက်ကတော့ ရေချိန်ကိုက်ရာမှ ကျော်လွန်သွား၍ မူးပြီးအိပ်ပျော်နေလေသည်။ ထို့ကြောင့်အားလုံးပြန်ရန်သာဆုံးဖြတ်လိုက်ကြတော့သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now