Part-17(Unicode+ Zawgyi)

22.4K 732 23
                                        

(Unicode)

နောက်တစ်နေ့မနက်ခင်းတွင် ဈာန်မင်းတခေတ်အရင်နိုး၍ ရေမိုးချိုးကာ အောက်ထပ်သို့ဆင်းသွားလေသည်။ ခွန်းနှောင်ကြိုးကတော့ ပင်ပန်းသောဒဏ်နှင့် နာကျင်သောဒဏ်များကြောင့် ဖျားနေလေသည်။ ခဏအကြာ ခွန်းနှောင်ကြိုးနိုးလာသည်။

"အင်း......"

ခွန်း သံရှည်ဆွဲကာ ဘေးသို့လှည့်ကြည့်လိုက်သည်။ သို့သော်မည်သူမှရှိမနေ။ နေမကောင်းတာကြောင့်ရယ်၊ မနေ့ညကကိစ္စကြောင့်ရယ် စဉ်းစားမိပြီး ခွန်းဝမ်းနည်းသွားသည်။ လူကနုန်းနေတော့ မလှုပ်ချင်။ လှုပ်လိုက်တာနဲ့ အောက်ပိုင်းကနာလာသည်။ တစ်ကိုယ်လုံးကိုကိုင်ရိုက်ထားသလိုပင်။ ညကတော့ ခွန်းမှာပျော်ရွှင်နေပြီး မနက်မှာတော့ ခေတ်ကအခုလိုနိုးထချိန်မှာ ကိုယ့်ဘေးနားမရှိတော့ အားငယ်မိသည်။

ကိုယ်မလှုပ်နိုင်ဖြစ်ပြီး နေမကောင်းတဲ့အချိန်မှာ မိန်းကလေးမဟုတ်သော်လည်း ကိုယ့်ချစ်ရတဲ့သူကိုဘေးနားရှိစေချင်ပါသည်။ တွေးမိတိုင်း 'ခေတ်ကငါ့ကိုများ စားပြီးနားမလည်လုပ်သွားတာလား' ဟုကလေးဆန်ဆန်တွေးမိပါသည်။ လက်ထပ်ပြီးတာကိုသိပေမဲ့ပေါ့။ ခွန်းထိုအကြောင်းတွေကိုမစဉ်းစားတော့ဘဲ ခေါင်းကိုခါကာ အားယူပြီးထ,ရန်ပြင်လိုက်သည်။ အဆိုးဘက်ကမတွေးဘဲ 'ခေတ်အလုပ်ကိစ္စရှိလို့နေမှာပါ' ဟုအကောင်းဘက်ကပြောင်းတွေးလိုက်သည်။

"အာ့..."

ထ,ရန်ပြင်လိုက်သော်လည်းတစ်ကိုယ်လုံးနာနေသောကြောင့်ထလို့မရ။ ခွန်းကိုယ့်ကိုယ်ကိုယ်ပြန်တွေးမိကာ ဝမ်းနည်းမျက်ရည်များကျလာသည်။ ခွန်းကအရင်ကတည်းက နေထိုင်မကောင်းဖြစ်လျှင် မိဘများအကြောင်းတွေးမိကာ ဒေါ်လေးတို့မသိခင် တိတ်တိတ်လေးငိုတတ်ပါသည်။ ယခုလဲ မိဘများအားသတိရကာ ငိုမိသည်။

"ဟင့်..."

"ခင်ဗျားဘာဖြစ်လို့လဲ? နာလို့ငိုနေတာလား? ကျွန်တော်ဆေးလဲထည့်ပေးထားပါတယ်..."

ဈာန်အောက်ထပ်မှ ခွန်းနှောင်ကြိုးအတွက်ဆန်ပြုတ်သွားယူပေးကာ ပြန်တက်လာတော့ ကုတင်ပေါ်တွင် တရှုံ့ရှုံ့နှင့်ငိုနေသောသူအားတွေ့လိုက်ရသည်။ ကုတင်ဘေးနားသို့သွားကာ ဆန်ပြုတ်ပန်းကန်အား စားပွဲပေါ်သို့တင်လိုက်ကာမေးလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now