Part-52(Unicode + Zawgyi)

16.5K 491 11
                                        

(Unicode)




နောက်တစ်နေ့မနက်တွင်တော့ ဈာန်မင်းတခေတ်တစ်ယောက် အစောမထတော့ဘဲ ခွန်းနှောင်ကြိုးနှင့်အတူဆက်အိပ်နေလေသည်။

"အင်း....."

ခွန်းနှောင်ကြိုးအပျင်းကြောဆန့်ကာ ဘေးတစ်ဖက်သို့လှည့်လိုက်သည်။ လှည့်လိုက်သည်နှင့်သူ့ဖက်သို့လှည့်အိပ်နေသည့် ဈာန်မင်းတခေတ်၏မျက်နှာချောချောလေးအားမြင်လိုက်ရသည်။

ဈာန်မင်းတခေတ်၏မျက်နှာချောချောအား ခွန်းနှောင်ကြိုးသေချာစိုက်ကြည့်နေ‌သည်။ ပြီးနောက်နှဖူးလေးကိုကိုင်လိုက်သည်။ နှဖူးမှတစ်ဆင့် ဈာန်မင်းတခေတ်၏အမြဲတွန်းချိုးနေတတ်သောမျက်ခုံးလေးအား သေချာကိုင်ကြည့်နေသည်။ နှာတံခပ်ချွန်ချွန်လေးကိုကိုင်ကာ နောက်ဆုံးတွင်တော့ နှုတ်ခမ်းမရဲတရဲလေးတွင်အဆုံးသတ်သွားလေသည်။

ခွန်းနှောင်ကြိုး တံတွေးတစ်ချက်မြိုချကာ ပါးပြင်ချောချောအား ကိုင်လိုက်သည်။

"ဟင်..ခေတ်..!"

ရုတ်တရက်ဈာန်မင်းတခေတ်မျက်လုံးများဖွင့်လာသဖြင့် ခွန်းနှောင်ကြိုးလန့်သွားလေသည်။ ထို့ကြောင့် နောက်သို့ကိုယ်ကိုဆုတ်လိုက်သည်။ ထိုအခါ ဈာန်မင်းတခေတ်က ညာဖက်လက်ဖြင့်ခွန်းနှောင်ကြိုး၏ခါးကိုဆွဲဖက်ကာသူ့ရှေ့သို့ပြန်တိုးလေသည်။

"ခေတ်..."

-ပြွတ်စ်-

"ခေတ်..မျက်နှာမသစ် သွားမတိုက်ရသေးဘူးလေ.."

"အဲ့တော့..? ဘာဖြစ်လဲ ပြောပါဦး ရွှတ်"

"ခေတ်...မဆိုးနဲ့ကွာ... နိုးရင်လဲမျက်နှာသစ်မယ် ထ..!"

"ဟင့်အင်း ဒီတိုင်းနေချင်သေးတယ်.."

"အာ့..! ဘာလို့ကိုက်တာလဲ....?"

ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုး၏လည်တိုင်အားနမ်း‌ရှိုက်နေရင်းမှ ကိုက်လိုက်သောကြောင့် ခွန်းနှောင်ကြိုး တစ်ချက်ညည်းသံထွက်သွားလေသည်။

"အူယားလို့လေ...၊ ပြော..စောနကဘာလို့အဲ့လောက်ထိတောင် စိုက်ကြည့်နေရတာလဲ? ကိုယ်ချောတာကိုယ်သိပါတယ် ကြိုးငယ်ရဲ့.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now