Part-34(Unicode + Zawgyi)

10.6K 430 17
                                    

(Unicode)


-ဒေါက် ဒေါက် ဒေါက်-

-ကျွီ-

"ဟင်.."

"ဒါဆိုဒါပဲနော်.."

ခွန်းနှောင်ကြိုး တံခါးခေါက်သံကြားတာနှင့်နောက်သို့လှည့်ကြည့်လိုက်ကာ သန့်ဇေအား စကားစဖြတ်၍ အမြန်ဖုန်းချလိုက်လေသည်။

-တီ-

"ခေတ်..."

"ဘယ်သူနဲ့ဖုန်းပြောနေလို့ အလန့်တကြားဖုန်းချပစ်ရတာတုန်းဗျ..အဟွန်း"

ဈာန်မင်းတခေတ်တစ်ယောက် တစ်ချက်ရယ်ကာ ခပ်ရွဲ့ရွဲ့ပြောလိုက်လေသည်။

"မ..မဟုတ်ပါဘူး..ခေတ်ရဲ့..ဒီတိုင်း ဒီတိုင်း..အသိတစ်ယောက်ပါ.."

ခွန်း ခေတ်သိသွားမှာစိုး၍ အပြုံးလေးဖြင့်ခပ်တိုးတိုးသာပြောလိုက်သည်။ မလိမ်တတ်သည်မို့ စကားတို့မှာ အထစ်ထစ်အငေါ့ငေါ့။

"ဟုတ်လို့လား?"

ဈာန်မင်းတခေတ်မယုံစွာမဲ့၍ပြန်ပြောလိုက်သည်။

"ဟုတ်ပါတယ် ခေတ်ရဲ့..ခွန်းက ခေတ်ကိုညာစရာလား"

"ပြီးရော.."

ထိုအခါမှ ခွန်းနှောင်ကြိုး သက်ပြင်းခပ်ဖွဖွချလိုက်လေသည်။ ထို့နောက်ဆက်မေးလိုက်သည်။

"ခေတ် အောက်မှာ သူငယ်ချင်းတွေနဲ့စကားပြောနေတာမဟုတ်ဘူးလား?"

"ဟုတ်တယ် ပျင်းလာလို့..ခင်ဗျားကော ဆေးသောက်ပြီးပြီလား?"

"ဟင့်အင်း အခုပဲသောက်မလို့..ဟီးးး"

ခွန်း ခေတ်အားရယ်ပြလိုက်သည်။ ထို့နောက် ကိုသန့်ဇေပေးထားသော ဆေးများကိုတစ်လုံးစီထုတ်ကာ သောက်ရန်ပြင်နေသည်။

"ခင်ဗျား အပေါ်တက်သွားတာဖြင့်ကြာနေပြီ။ အခုထိဆေးမသောက်ရသေးဘူးဆိုတော့ ခင်ဗျားကဆေးမသောက်ဘဲ ဘာလုပ်နေတာလဲ?"

ဈာန် ထိုကောင်လေးအားမယုံစွာ ဆက်မေးမိပါသည်။ အပေါ်ထပ်သို့တက်သွားတာဖြင့် 5မိနစ်လောက်ရှိနေပြီ။ အခုထိကိုပင်ဆေးမသောက်ရသေးဆိုတော့ စောနကဖုန်းကဘယ်သူနှင့်ပြောနေသည်လဲ။ သူ့သူငယ်ချင်းကလည်း ကိုမိုးမြင့်နှင့်သွားDateနေသည်ဆိုတော့ သူကဘယ်သူနှင့်ပြောနေသည်တုန်း။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now