Part-25(Unicode + Zawgyi)

8.9K 419 31
                                    

(Unicode)

"Honey..."

"ကိုကို လာ ထမင်းစားရအောင်၊ သူငယ်ချင်းတွေနဲ့လဲမိတ်ဆက်ပေးမလို့"

ငွေစင်ကြိုးထမင်းစားဝိုင်းသို့လာသော ခင်ပွန်းလောင်းဖြစ်သူ သန့်ဇေထွန်းကို ခေါ်ကာပြောလိုက်သည်။ ထိုအခါ သန့်ဇေထွန်းကလည်းအပြုံးမျက်နှာဖြင့်ဝင်လာကာ သူ၏ဇနီးလောင်း ဘေးတွင်ဝင်ထိုင်၍ အားလုံးကိုတစ်ချက်ကြည့်ကာပြုံးပြလိုက်သည်။

"ကိုကို ဒါက Honeyရဲ့အချစ်ဆုံးသူငယ်ချင်းတွေလေ၊ သူကဘုန်းဇေယံ၊ သူက ဈာန်မင်းတခေတ်၊
ဈာန့်ဘေးကသူယောက်ျား ကိုခွန်းနှောင်ကြိုး၊ ဟိုဘက်က ထက်ကျော်ဇင်၊ ကျော်ဇင့်ဘေးက ထူးသက်၊ နောက်ဆုံးတစ်ယောက်ကတော့ မြတ်အောင်သူတဲ့၊ ဟဲ့အားလုံးမှတ်ထား ဒါကငါ့ရဲ့ခင်ပွန်းလောင်း ငါ့ကိုကို ဒေါက်တာသန့်ဇေထွန်းတဲ့"

ခွန်းနှောင်ကြိုး သန့်ဇေထွန်းကိုမြင်တော့ အနည်းငယ်မျက်နှာပျက်ကာ လက်များတုန်လာသည်။ ထို့နောက် သူ့သူငယ်ချင်း ထွန်းတောက်အားကြည့်လိုက်သည်။ ထွန်းတောက်က 'ဘာမှမဖြစ်ဘူး' ဟူသောပုံစံနှင့် ခေါင်းကိုအသာညိတ်ပြသည်။ ထိုအခါမှ ခွန်းနှောင်ကြိုးလဲသက်ပြင်းချနိုင်တော့သည်။ သို့သော်အလုံးစုံတော့ စိတ်မအေးနိုင်သေး။

"အစ်ကိုခွန်း ဒါက ငွေစင့်ရဲ့ခင်ပွန်းလောင်းလေ..ဒေါက်တာသန့်ဇေထွန်းတဲ့"

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်.."

ခွန်း ပြုံးကာပြန်ပြောလိုက်သည်။ ထိုအခါသန့်ဇေထွန်းကလည်း ပြန်ကာပြုံး၍နှုတ်ဆက်လေသည်။

"ဟုတ်ကဲ့ထပ်ပြီးတွေ့ရတာဝမ်းသာပါတယ် ကိုခွန်းနှောင်ကြိုး ဆေး.."

"အာ..မိတ်ဆက်ပြီးပြီဆိုတော့ ထမင်းစားရအောင်လေ.."

သန့်ဇေထွန်းစကားပြောနေသည်ကို ထွန်းတောက်ကဝင်ဖြတ်ကာပြောလိုက်သည်။

"ပိုင်ကဗိုက်ဆာပြီလား"

"အွန်း အရမ်းပဲ"

ထွန်းတောက် ချစ်သူအားချွဲကာပြောလိုက်သည်။ ထိုအခါ မိုးမြင်ခေါင်က သန့်ဇေထွန်းအားပြောလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now