Part-63(Unicode + Zawgyi)

5.7K 283 14
                                    

(Unicode)

နောက်တစ်နေ့တွင် ဈာန်မင်းတခေတ်တို့နှင့်သူငယ်ချင်းများက New York သို့ပြန်ကြပြီး မိဘများကတော့ ထိုနိုင်ငံတွင်သာဆက်နေခဲ့ကြလေသည်။ ထွန်းတောက်ပိုင်တို့ကတော့ ဟန်းနီးမွန်းဆက်ထွက်ကြသည်။

လတွေအလီလီပြောင်းလာလိုက်တာ ယခုဆိုလျှင်ခွန်းနှောင်ကြိုးမှာ ကိုယ်ဝန်8လကျော် 9လထဲသို့ဝင်လာလေပြီ။ ဘေးအိမ်က Jollyကတော့ သူလိုချင်နေသည့်သမီးလေးကိုမွေးဖွားခဲ့ပါသည်။ Jollyသမီးလေးရဲ့နာမည်က Julie ဖြစ်လေသည်။

ခွန်းနှောင်ကြိုးသည် တစ်နေ့နေ့ အိပ်လိုက်စားလိုက် ချည်ထိုးလိုက် ပျင်းလျှင်ဂျူလီလေးဆီသွားလိုက်နှင့်အချိန်ကုန်နေတော့သည်။

ခွန်းနှောင်ကြိုးသည် ခွဲမွေးမှာဖြစ်သည်။ ခွဲမွေးမည့် Due Dateမှာ 2ရက်နေ့11လပိုင်းဖြစ်လေသည်။

"ကြိုးငယ်ရေ... ကြိုးငယ်.."

"ဘေးအိမ်မှာနေမယ်၊ သူကဒီလိုအချိန်ဆို ဘေးအိမ်က, ကလေးလေးဆီသွားနေကြ.."

"ဟုတ်ကဲ့ ကိုသန့် ကျွန်တော်သွားကြည့်လိုက်အုံးမယ်"

ပြောကာ ဈာန်မင်းတခေတ်ဘေးအိမ်သို့လာခဲ့လိုက်သည်။ အိမ်ထဲသို့ဝင်ဝင်ခြင်းပင် တွေ့လိုက်ရပါပြီ သူ၏ချစ်ရသူကို။ သူ့မိခင်၏ရင်ခွင်တွင်းတွင်အိပ်နေသောဂျူလီလေးအား ဘေးမှထိုင်ကာကြည့်နေလေသည်။

"ကြိုးငယ်.."

"ဪ..ခေတ်..."

ဈာန်ခေါ်ကာ ကြိုးငယ်၏ဘေးသို့ဝင်ထိုင်လိုက်သည်။

"ယောက်ျားဖြစ်သူကိုလာခေါ်တာလား?"

Jollyကပြုံးကာဈာန်မင်းတခေတ်အားမေးလေသည်။ ထိုအခါဈာန်မင်းတခေတ်ကလည်းပြန်၍ရယ်ပြကာဖြေလိုက်သည်။

"ဟုတ်တယ် အစ်မ သူကကိုယ်ဝန်ကြီးနဲ့ဆိုတော့ တစ်ယောက်တည်းလျှောက်သွားနေတာမကောင်းဘူးလေ.."

"ဟုတ်တာပေါ့.. ခွန်း ဒါဆိုပြန်တော့လေ.. နောက်နေ့တွေလဲလာကြည့်လို့ရတာပဲ.. နောက်တစ်လလောက်နေရင် ခွန်းလည်းမွေးပြီမလား? ဒါဆိုသမီးလေးနဲ့အဖော်ရတော့မှာပေါ့"

ခွန်းနှောင်ကြိုး သူ့ဗိုက်လေးကိုကိုင်ကာ ပြုံး၍ Jolly၏စကားကိုပြန်ပြောလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now