Part-48( Unicode + Zawgyi)

8K 400 36
                                    

(Unicode)

သူတို့၏စကားဝိုင်းသည်ခဏလောက်ပြန်တိတ်သွားလေသည်။ ထိုအခါမနေနိုင်သည့် သူကပဲစကားပြန်စလိုက်သည်။

"လိုရင်းပဲပြောစမ်းပါ.."

စိတ်မရှည်တော့သဖြင့် မျက်လုံးကိုတစ်ဖက်သို့ကြည့်ကာ ပြောလိုက်လေသည်။

"အေး အဲ့တာဆိုမေးမယ်..။ မင်းကဘယ်လိုဖြစ်လို့ ဒီမြန်မာနိုင်ငံကိုရောက်လာတာတုန်း!"

ထွန်းတောက်တစ်ယောက်ရွဲ့ကာ မြန်မာနိုင်ငံဆိုသည့်နေရာကို ဖိပြောလိုက်သည်။

"သတင်းကြာကြားချင်းပဲ..၊ flightနဲ့လာလိုက်တာ.."

"ဖြစ်တဲ့မနက်မှာလား?"

ထွန်းတောက်မေးတော့ ဟိုဘက်က ခေါင်းညိတ်ကာပြန်ဖြေလေသည်။

"ဟုတ်တယ်၊ ကျော်ဇင်ကငါ့မိန်းမဆီ ဖုန်းဆက်တာ... ကိုခွန်း ဆေးရုံရောက်နေတယ်ဆိုပြီး...၊ ငါကသူ့ဒေါက်တာလေ.. အဲ့တော့ ငါခွင့်ပြုချက်‌ကတစ်ချို့နေရာတွေမှာအရေးပါတယ်.."

"ဪ..ငွေစင်ကကော အဲ့တာဆို.."

"သူကိုတော့ အိမ်မှာပဲနေခဲ့ခိုင်းလိုက်တယ်။"

ဟုတ်ပါသည်။ ဆေးရုံမှာထဲက ခွန်းနှောင်ကြိုးအားကုသပေးခဲ့တဲ့သူက သန့်ဇေထွန်းပဲဖြစ်လေသည်။

ထွန်းတောက်နှင့် သန့်ဇေပြောသည့်စကားဝိုင်းတွင် မိုးမြင့်ခေါင်နှင့် ဈာန်မင်းတခေတ်တို့နှစ်ယောက်ဝင်မပါပေ။ နားသာထောင်နေကြသည်။

"သန့်ဇေ တကယ်ပဲ ခွန်းရဲ့ကိုယ်ဝန်ကပျက်သွားတာလားဟင်...၊ ကိုယ်ဝန်ပြန်ဆောင်နိုင်ဖို့ အချိန်တော်တော်ကြာယူရအုံးမှာဆိုတာကကော တကယ်လား? ငါ့ကိုပြောပြပေးပါကွာ..နော်.."

ထွန်းတောက်တစ်ယောက် မျက်ရည်ဝဲကာ ‌သန့်ဇေအားပြောလိုက်သည်။ ထွန်းတောက်၏အခြေအနေအားရိပ်မိသော မိုးမြင့်ခေါင်က သူ့ချစ်သူအား ရင်ခွင်ထဲထည့်ကာဖက်ပေးထားလေသည်။

သန့်ဇေ တစ်စုံတစ်ယောက်ကိုကြည့်လိုက်တော့ ထိုသူမှာ သူ့အားခေါင်းယမ်းပြလာသည်။ ထို့ကြောင့်သန့်ဇေလည်း ထွန်းတောက်မေးလာသောထိုအကြောင်းအရာကိုပြန်ပြောလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now