Part-38(Unicode + Zawgyi)

8K 361 35
                                    

(Unicode)

ဒေါ်ခင်အေးဖြစ်ပျက်သမျှအရာအားလုံးကို ဒေါ်သီသီလင်းဆီသို့ ဖုန်းဆက်ကာလှမ်းအကြောင်းကြားလေသည်။

ဈာန်မင်းတခေတ်ကတော့ ရေချိုးခန်းကိုခဏခဏကြည့်ကာ ဝင်သွားသူအားစိတ်ပူနေသည်။

ခဏအကြာ ခွန်းနှောင်ကြိုးပြန်ထွက်လာသည်။ ဈာန်မင်းတခေတ်အသံကြားသည်နှင့် ဆိုဖာပေါ်သို့အပြေးသွားထိုင်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်။

ခွန်းအပြင်ပြန်ထွက်လာပြီး စားပွဲဆီအကြည့်အရောက်စားပွဲမှာ အနည်းငယ်ရွေ့နေကာ ခေတ်ကတော့ ဆိုဖာပေါ်တွင်အိပ်ပျော်နေလေသည်။ ခွန်း ခေတ်ကိုကြည့်ကာ ပါးပြင်ပေါ်သို့ကျလာသော မျက်ရည်အားသုတ်လိုက်သည်။

ထို့နောက် ဗီရိုထဲမှအင်္ကျီထုတ်ကာ ရေချိုးခန်းထဲသို့သွားလဲ၍ ပြန်ထွက်လာလိုက်သည်။ နံရံပေါ်သို့အမှတ်တမဲ့ကြည့်လိုက်မိတော့ နံရံတွင် သွေးစတစ်ချို့ကိုတွေ့လိုက်ရသည်။ ထို့နောက် စိုးရိမ်လာသဖြင့် ခေတ်ရှိရာ ဆိုဖာသို့‌ဖြည်းဖြည်းချင်းအသံတိတ်သွားကာ ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။

ထို့နောက် ခေတ်၏ညာဖက်လက်ကိုကြည့်လိုက်တော့ ညာဖက်လက်သည် ပေါက်ပြဲကာ သွေးထွက်နေသည်။

"ခေတ်ရယ်....ဟင့်...."

ခွန်း ထို့သို့သာပြောနိုင်တော့သည်။ ပြီးနောက် ဆေးသေတ္တာပုံးကိုယူကာ ခေတ်အားဆေးထည့်ပေးလိုက်သည်။

"ဟူးးးး ဟူးးးးးး နောက်တစ်ခါ စိတ်ဆိုးရင် ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်မလုပ်ပါနဲ့ခေတ်ရယ်...၊ ခေတ်ဆီမှာထိခိုက်ဒဏ်ရာမြင်ရင် ခွန်းရင်တွေနာလွန်းလို့ပါ။"

"ခွန်း...ခွန်းတောင်းပန်ပါတယ်၊ ခေတ်ဆီကအချစ်တွေကိုမျှော်လင့်ခဲ့ပေမဲ့ အမုန်းတွေသာပိုတိုးလာအောင်လုပ်ခဲ့မိပြီ။"

"တစ်ချိန်ချိန်မှာတော့ ခေတ် ခွန်းတို့ရဲ့ကလေးလေးကိုလက်ခံလာနိုင်ပါစေ...."

ခွန်းနှောင်ကြိုးငိုကာ ‌ဈာန်မင်းတခေတ်အားဆေးထည့်ပေးနေရင်းတစ်ယောက်တည်းစကားတွေပြောနေသည်။ သို့သော်သူမသိသည်က ဈာန်မင်းတခေတ်သည် ထိုစကားများကိုကြားကာသူမမြင်သည့် ကျန်လက်တစ်ဖက်မှာမသိမသာဆုပ်သွားသည်ဆိုတာကိုပင်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Tahanan ng mga kuwento. Tumuklas ngayon