(Unicode)
ဈာန်မင်းတခေတ်၏ ချွေးထုတ်ခြင်းအမှုသည် နေ့လယ်ထိပင်ရောက်သွားလေသည်။ ခွန်းနှောင်ကြိုးကတော့ ဈာန်မင်းတခေတ်၏ စိတ်ကြိုက်ချွေးထုတ်ခြင်းတွင် ဇာတ်လိုက်တစ်ယောက်အနေနှင့်ပါဝင်ခံစားပေးလိုက်ရသည်။
ခရီးစစခြင်းတွင်တော့ ခွန်းနှောင်ကြိုးတစ်ယောက်အတော်လေးခံစားလိုက်ရသည်။ သို့သော် နောက်ပိုင်းတွင်တော့ သူပါ စိတ်ပါလာလေသည်။ ပါးစပ်မှလဲ ညင်သာပေးရန်တောင်းဆိုရတာကအမောပင်။ ဘယ်လောက်ပင် စိတ်လွတ်နေပါစေ ကလေးရှိသေးသည်ကိုတော့မမေ့။
ဈာန်မင်းတခေတ်ကလည်း ဒီနေ့မှ အရင်နေ့တွေလိုမဟုတ်ပေ။ ဖြည်းဖြည်းချင်းသာသွားလေသည်။ ထို့ကြောင့် ခွန်းနှောင်ကြိုးမှာလည်း စိတ်သက်သာရာရ,ရသွားသည်။
ထို့နောက် သူတို့နှစ်ယောက်လုံး အချစ်ခရီးပန်းတိုင်သို့ ရောက်ရှိသွားခဲ့ကြသည်။ ခွန်းနှောင်ကြိုးကတော့ ပင်ပန်းကာအိပ်ပျော်သွားလေသည်။
ဈာန်မင်းတခေတ်ကတော့ ချွေးများအတော်ပင်ထွက်နေပြီဖြစ်သည်။ ကျောတွင်လည်း ထုံးစံအတိုင်းခွန်းနှောင်ကြိုး၏ ကုတ်ရာခြစ်ရာများနှင့်ပြည့်နှက်နေလေသည်။
"ဒီလောက်ဆိုရလောက်ပြီလို့ထင်တယ်..."
ဈာန်မင်းတခေတ်ရယ်ကာ ရင်ခွင်ထဲမှအိပ်နေသူအားငုံ့နမ်း၍ပြောလိုက်သည်။
ဈာန်မင်းတခေတ်ချွေးထွက်ပြီး နေပြန်ကောင်းမကောင်းတော့မသိ။ ခွန်းနှောင်ကြိုးကတော့ အင်အားချိနဲ့ကာ ပြန်ဖျားချင်သလိုလိုဖြစ်သွားလေသည်။
ဈာန်မင်းတခေတ် အိပ်နေသူအားချီကာ ရေချိုးခန်းတွင်းသို့ခေါ်သွားပြီး သန့်ရှင်းရေးလုပ်ပေးလေသည်။
သန့်ရှင်းပြီးသောအခါ အင်္ကျီလဲပေးပြီး ကုတင်ပေါ်သို့ပြန်တင်ကာ အိပ်စေသည်။ ထို့နောက်ဈာန်မင်းတခေတ် ရေချိုးခန်းထဲပြန်ဝင်ကာ ရေချိုးလိုက်သည်။
🌟🌟🌟
နေ့လယ်11ခွဲလောက်တွင် ထမင်းစားရန်အတွက် ငွေစင်တစ်ယောက်အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။ ဆင်းလာ,လာခြင်းပင် ငွေစင်သွေးပင်တက်ချင်သွားသည်။ နေ့ခင်းကြောင်တောင် သုံးကောင်သားမူးရူးနေကြတာ မြင်မကောင်းပေ။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
