Part-74(Unicode + Zawgyi)

Start from the beginning
                                        

"ဘယ်နှချောင်းယူမှာလဲ?"

"ငါး ငါးချောင်း အင် ဆယ်ချောင်းသာပေးလိုက်ပါ"

"ဟုတ်ကဲ့ ဒီမှာရပါပြီ။ အစ်ကိုညီမအကြံပေးရရင်
အစ်ကို့အမျိုးသမီး..အာ... အစ်ကို့အစ်မကိုဆေးရုံသာသွားပြခိုင်းစေချင်တယ်။ ဒါမှပိုသေချာမှလေ.."

ထိုမိန်းကလေးသည် အမျိုးသမီးဟုမှားပြောသလိုလိုနှင့်မှ ပြန်ပြင်ကာအစ်မဟူသောနေရာတွင်ဖိ၍ပြောလာလေသည်။

"ဟုတ်ကဲ့ ကျေးဇူးပါညီမ"

ထိုသို့ပြောကာကျသင့်သလောက်ရှင်း၍ ဘာစကားမှထပ်မဆိုတော့ဘဲကားပေါ်သို့အမြန်ပင်တက်ကာမောင်းထွက်လာခဲ့လိုက်သည်။

🌟🌟🌟

အိမ်သို့ပြန်ရောက်သော်ဘာမှမစားချင်သော်လည်းအစာမရှိလျှင်တစ်ခုခုဖြစ်မည်စိုး၍နွားနို့တစ်ခွက်နှင့်ပေါင်မုန့်ကြက်ဥကြော်ကာကြိတ်မှိတ်ပြီးစား၍သောက်လိုက်သည်။

ပြီးနောက်အပေါ်ထပ်သို့တက်လာပြီးရေတစ်ခွက်သောက်လိုက်သည်။ ထို့နောက်စောနကသူဝယ်လာခဲ့သောအထုတ်ကိုစိုက်ကြည့်လိုက်ပြီးသက်ပြင်းချကာယူလိုက်၍ Toilet ထဲသို့ဝင်လိုက်သည်။

သူ့စိတ်ထဲတွင်မတင်မကျဖြစ်နေသောထိုကိစ္စကိုသေချာသွားအောင်စစ်ဆေးကြည့်မှပင်ဖြစ်လေတော့မည်။ မဖြစ်နိုင်ဘူးဆိုပေမဲ့ပေါ့...။

ခွန်းနှောင်ကြိုးတစ်ခုပြီးတစ်ခုယူကာထပ်ခါထပ်ခါစစ်လိုက်သည်။ ခွန်းနှောင်ကြိုးတစ်ခါပြီးတစ်ခါစစ်သော်လည်းအဖြေသည်ကားထိုအရာပဲပင်။ ခွန်းနှောင်ကြိုးတစ်ယောက်သူ့ရှေ့တွင်ရှိသောဆီးစစ်တံဆယ်ခုအားကြည့်ကာအံ့သြနေပြီးပါးစပ်ကိုလက်ဖြင့်အုပ်၍ဝမ်းသာစွာရယ်ကာမျက်ရည်များဝဲလာလေသည်။

"အာ...."

ဒါကလုံးဝကိုမထင်မှတ်ထားသည့်အရာပင်တည်း။ခွန်းနှောင်ကြိုးစိတ်ကထင်နေသော်လည်းမဖြစ်နိုင်ဘူးဟုသာထင်နေခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူနှင့်ဈာန်မင်းတခေတ်ခေတ်အတူနေလျှင်ကွန်ဒုံးသုံးခြင်း (သို့မဟုတ်) ဈာန်မင်းတခေတ်ကိုအပြင်တွင်သာပြီးခိုင်းခြင်းကိုလုပ်ခဲ့ပါသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now