Part-72(Unicode + Zawgyi)

Start from the beginning
                                        

"အင်း ငါ..ငါမငိုတော့ဘူး။ ဒေး ငါ့ကိုမမေ့သွားနဲ့နော်..အမြဲသတိရနေနော်...မိန်းကလေးသူငယ်ချင်းလဲမထားနဲ့.."

"အင်း ကတိပေးတယ်။ နင်ပြောတာတွေအားလုံးကို.."

နှောင်သွေးပြောတော့ ဂျူလီလေးကခေါင်းညိတ်ပြလာသည်။ ထို့နောက်ဂျူလီ့၏အမေကသူမ,အားလှမ်းခေါ်လာလေသည်။

"ဂျူလီ သားဒေးတို့သွားခါနီးပြီလေ..နှုတ်ဆက်ပြီးပြန်လာခဲ့တော့.."

"ဟုတ်ကဲ့ မာမီ ခဏပဲ"

ဂျူလီလဲသူမ,၏မိခင်အားပြန်ပြောလိုက်သည်။

"ကလေးတွေလွတ်လွတ်လပ်လပ်နှုတ်ဆက်ပါစေ Jollyရဲ့..လေယာဉ်ကမီပါတယ်"

ခွန်းနှောင်ကြိုးက Jollyအားပြုံးကာပြန်ပြောလိုက်သည်။ ထိုအခါJollyကလည်းခေါင်းညိတ်ကာပြန်ပြောလာသည်။

"ဟုတ်ကဲ့ပါရှင်။ ဒီကိုပြန်လာလည်နော်ခွန်း...၊ဖုန်းလဲဆက်အုံး"

"ဟုတ်ပြီဗျာ..Jollyလဲဂရုစိုက်နော်..အထဲကသားသားလားမီးမီးလားမသိဘူး။ မွေးရင်လဲလှမ်းပြောပြအုံး"

Jollyက ယခုဒုတိယကိုယ်ဝန်ကိုလွယ်ထားရတာဖြစ်သည်။ Jolly၏ကိုယ်ဝန်သည်ယခုဆို5လပင်ရှိနေလေပြီ။ သူမ,တို့ဟာလည်း အာထရာဆောင်းရိုက်ခြင်းကိုအားမသန်ကြသောကြောင့်အထဲကလေးလေးသည်သားလေးလားသမီးလေးလားဆိုတာကိုမသိကြပေ။

"ဟုတ်ကဲ့ပါရှင်။ ခွန်းလဲကျန်းမာရေးဂရုစိုက်နော်"

Jollyတစ်ယောက်ပြုံးကာ ခွန်းနှောင်ကြိုးနှင့်စကားပြောနေကြသည်။ ကလေးနှစ်ယောက်ကလဲ မျက်ရည်များဝဲကာစကားတို့ပင်အထစ်ထစ်အငေါ့ငေ့ါ..။

"ဒေး...ဟင့်..ပြန်လာခဲ့နော်.."

"အင်း..ငါ..ငါသေချာပေါက်ပြန်လာခဲ့မယ် ဂျူလီ.."

"I Love you Day"

ဂျူလီကနှောင်သွေးလေး၏ ဒေးဗစ်ဟူသောနာမည်ကို အဖျားစွတ်၍ ဒေးဟုခေါ်သော်လည်း တကယ်အဓိပ္ပာယ်မှာထိုသို့မဟုတ်ပေ။ သူမ,ခေါ်သည့် ဒေး၏အဓိပ္ပာယ်သည် 'Day' ဟူသော 'နေ့' ဆိုသည့်အဓိပ္ပာယ်ဖြစ်လေသည်။ တစ်ခြားသူများအပါအဝင် နှောင်သွေးတခေတ်ကပါ 'ဒေး' ဟူသောနာမ်စားကို သူ၏နာမည်အစစလုံးအားအဖျားစွတ်ခေါ်တာဟုပင်သိထားလေသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now