Part-58(Unicode + Zawgyi)

Start from the beginning
                                        

🌟🌟🌟

အိမ်သို့ရောက်သော် ခွန်းနှောင်ကြိုးမှာ အိပ်ခန်းတွင်းသို့ဝင်ကာ အိပ်လေသည်။ ဆေးပုလင်းမှာယခုထိပင်မကုန်သေး၍ ချိတ်ထားရတုန်းပင်။

အိမ်ရောက်ထဲကခွန်းနှောင်ကြိုးသည်မည်သူ့ကိုမှစကားမပြောပေ။ ဈာန်မင်းတခေတ်လည်းသက်ပြင်းချကာတစ်ယောက်တည်းနေစေရန် ဧည့်ခန်းထဲတွင်သာ သန့်ဇေနှင့်အတူထိုင်နေလိုက်သည်။

ဈာန်မင်းတခေတ်ကလည်းကိုယ့်အပူနှင့်ကိုယ်မို့တွေးကာ သက်ပြင်းတစ်ချချ။ သန့်ဇေကလည်း ဈာန်မင်းတခေတ်အားကြည့်ကာသက်ပြင်းချနေလေသည်။ ထို့နောက်တိတ်ဆိတ်နေသောလေထုကိုသူပဲဖြိုခွင်းလိုက်သည်။

"ဈာန်..မင်းဘာလို့ကိုခွန်းကိုကိုယ်ဝန်မပျက်ကျတဲ့အကြောင်းမပြောပြတာလဲ? မင်းမှာတစ်ခုခုအခက်ခဲရှိလို့လား?"

*ဟင်းး*

ဈာန်မင်းတခေတ်သူ့အားပြောလာသော သန့်ဇေအားကြည့်လိုက်လေသည်။ ထို့နောက်မျက်နှာကိုလက်ဖြင့်ပွတ်ကာပြောလာသည်။

"ကျွန်တော်ကစိုးရိမ်ခဲ့တာ.."

"....."

သန့်ဇေဘာမှပြန်မပြော။ နားသာထောင်နေလိုက်သည်။ ထို့နောက်ဈာန်မင်းတခေတ်ကဆက်ပြောလာသည်။

"ကျွန်တော်စိုးရိမ်ခဲ့တာ...အကယ်၍ကြိုးငယ်သာကိုယ်ဝန်မပျက်ကျဘူးဆိုတဲ့အကြောင်းသိထားခဲ့ရင် အားလုံးကဝိုင်းဂရုစိုက်ကြမယ်။ အဲ့လိုဝိုင်းဂရုစိုက်ရင် တစ်ခုခုဖြစ်တတ်တယ်။ ကိုသန့်လဲသိတယ်မလား 'ဂရုစိုက်တဲ့ကလေးပိုဖြစ်တယ်' ဆိုတဲ့စကားပုံကိုလေ..၊ အကယ်၍ကျွန်တော်တို့ဂရုစိုက်နေရက်ကြားထဲမှ မတော်တဆ လွန်ခဲ့တဲ့လကလိုထပ်ဖြစ်သွားရင်ကော..? ဟင့်အင်း ကျွန်တော်ထပ်ပြီးခံနိုင်ရည်မရှိတော့ဘူးကိုသန့်"

"အင်း ငါကြားဖူးပါတယ်။ ငါမင်းခံစားချက်ကိုလည်းနားလည်တယ်။ ဒါမဲ့မင်းမှားတယ်လို့မထင်ဘူးလား? ဘယ်လိုပဲမင်းစိုးရိမ်ပါစေ မင်း ကိုခွန်းကိုတော့ပြောသင့်တယ်လို့ငါထင်တယ်။ ကိုခွန်းခမျာစိတ်ဝေဒနာရလုနီးပါးပဲလေ.."

သန့်ဇေပြောတော့ ဈာန်မင်းတခေတ်ကခေါင်းညိတ်သည်။

"ကိုသန့်ပြောတာမှန်ပါတယ်။ ဒါမဲ့စဉ်းစားကြည့်..၊ ကျွန်တော်တို့မိသားစုကသာမာန်မဟုတ်ဘူးလေဗျာ.. 'New World' ရဲ့ဆက်ခံသူက ယောက်ျားတစ်ယောက်နဲ့လက်ထပ်သွားလို့ အပြစ်တင်ပြောဆိုသူ၊ကဲ့ရဲ့ရှုံ့ချသူတွေကခပ်များများ။ တစ်ချို့ရှယ်ယာရှင်တွေဆို ကျွန်တော်တို့ကိုအမြဲစောင့်ကြည့်နေတာ..ကျွန်တော်တို့အမှားလုပ်တာနဲ့သူတို့ကတန်းဆွဲချကြမှာ.."

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now