Part-53(Unicode + Zawgyi)

Start from the beginning
                                        

"အင်း ရပါတယ်နည်းနည်းပဲစားမှာပါ ပိုင်ရဲ့.."

သူငယ်ချင်းနှစ်ယောက် ပြုံးရွှင်ကာပြောနေသည်ကို ဈာန်မင်းတခေတ်တစ်ယောက် သရက်သီးစားနေရင်းနှင့်ပင် ရှာလကာရည်များသောက်နေလေသည်။ ထို့ကြောင့်မျက်နှာမှာ မကြည်တော့ဘဲ မျက်ခုံးတန်းများကိုစုကျုံ့ထားလေသည်။

ထိုအချင်းအရာကိုမြင်သွားသော ထွန်းတောက်က သဘောကျသွားကာ ဈာန်မင်းတခေတ်အားစလေတော့သည်။

"ခွန်း ရော့ ရေသောက်လိုက်အုံး။ ကြည့်ဦး နှာခေါင်းမှာချွေးတွေ..လာ ကိုယ်သုတ်ပေးမယ်.."

"....."

ခွန်းနှောင်ကြိုးအပါအဝင်မိုးမြင့်ခေါင်နှင့်သန့်ဇေထွန်းတို့နှစ်ယောက်စလုံးကြောင်အသွားလေသည်။ ဈာန်မင်းတခေတ်ကတော့ လငမုတ်ဖမ်းသလိုပင် မျက်နှာကြီးမှာမဲမှောင်သွားတော့သည်။

*ပိုင်ဘာတွေဖြစ်နေပါလိမ့်။ သူကိုယ်သူ ငါလို့ပဲအမြဲသုံးတဲ့သူက အခုမှ 'ကိုယ်'တဲ့။ ငါ့သူငယ်ချင်းနေပူထဲကလာပြီး အစပ်တွေများစားလိုက်လို့ ကြောင်သွားတာလား?*

မိုးမြင့်ခေါင်တစ်ယောက်သူ့ရည်းစားလေးအားကြည့်ကာ သူပင် ဈာန်မင်းတခေတ်နည်းတူ ရှာလကာရှည်များသောက်လာရသည်။

*ငါ့ကိုတောင် အဲ့လိုဂရုမစိုက်ဘူး။ သူ့သူငယ်ချင်းကျဂရုတစိုက်နဲ့..! ဘယ်မှာလဲချွေး.. တစ်စက်တောင်မတွေ့ရဘူး။*

မိုးမြင့်ခေါင်တစ်ယောက် သရက်သီးဆက်မစားတော့ဘဲခရင်းကို သရက်သီးဖတ်အားထိုးထားရင်းမျက်‌မှောင်ကြုတ်၍အံကြိတ်ကာတွေးနေလေသည်။

နှစ်ယောက်ကြားထဲမှာဖြစ်သော သန့်ဇေကတော့ ဈာန်မင်းတခေတ်ကိုကြည့်လိုက် မိုးမြင့်ခေါင်ကိုကြည့်လိုက်နှင့်ပင်။ ဟိုကြည့်ဒီကြည့်နှင့် ငြိမ်ငြိမ်လေးသာငြိမ်နေ၍ သရက်သီးသုပ်ကိုသာစားနေသည်။ ဝင်ပါလျှင် သူပဲ, ပဲလှော်ကြားဆားညှပ်မှာမလား။ ထို့ကြောင့်ငြိမ်ငြိမ်နေတာပဲကောင်းပါသည်။ မဝင်သင့်သည့်ကြားထဲမှာ အတွဲများကြားလဲပါသည်မလား။

"ဟို..ပိုင် ရပါပြီကွာ..၊ မင်းလဲစားပါ။ ကောင်းတယ်မလား?"

"အင်း ငါ့ရဲ့ခွန်းလေးလုပ်ပေးတာအကုန်ကောင်း"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now