Part-52(Unicode + Zawgyi)

Start from the beginning
                                        

"ဟွန်းး! ကိုယ်ကိုယ်ကိုယ်အထင်ကြီးပြန်ပြီ"

"မဟုတ်လို့လား? ခင်ဗျားယောက်ျားကမချောဘူးလားပြော..!"

"ချောတယ် ချောတယ် ခေတ်ကကမ္ဘာပေါ်မှာအချောဆုံးပဲ!"

"အဟွန်း ဒါကကိုယ့်ကိုရွဲ့လိုက်တာပေါ့..?"

"မဟုတ်ပါဘူး တကယ်ပြောတာကို..."

ဈာန်မင်းတခေတ်ရယ်ကာမေးတော့ ခွန်းနှောင်ကြိုးကနှုတ်ခမ်းလေးအနည်းငယ်စူကာပြန်ဖြေလေသည်။

-ပြွတ်စ်!-

"အွင်းးး ဟင်းးးး ခေတ်...အွန်းးးးး"

-ဘုန်း ဘုန်း ဘုန်း-

ဒါပါပဲ..။ ခွန်းနှောင်ကြိုးဆိုတာ သူမနိုင်တော့လျှင်ဈာန်မင်းတခေတ်အားတဘုန်းဘုန်းဖြင့်အမြဲရိုက်နှက်တော့သည်။ ဈာန်မင်းတခေတ်ကတော့ ထိုလက်သီးဆုပ်လေးများကို မနာစွာပန်းနှင့်ပေါက်သည့်အလားသာခံစားရလေသည်။

ခဏလောက်ထိသူအားရသည်ထိ နည်းနည်းခပ်ကြာကြာနမ်းပြီးမှ ခွန်းနှောင်ကြိုးအားလွှတ်ပေးလိုက်သည်။

"ဟင်းး....."

အသက်ကိုဝအောင်မနည်းရှူနေသောသူအားကြည့်ကာ ဈာန်မင်းတခေတ်ပြုံးလိုက်သည်။

"ခေတ်!! မျက်နှာမသစ်ရသေးပါဘူးဆို..."

"အဲ့တော့ဘာဖြစ်လဲလို့..ကိုယ်လဲသွားမှမတိုက်ရသေးတာ..ဘာမှမဖြစ်ဘူး"

ထိုသို့ပြောကာ ခွန်းနှောင်ကြိုး၏နှုတ်ခမ်းတွင်ပေနေသော သွားရည်များအားသုတ်ပေးလိုက်သည်။ ခွန်းနှောင်ကြိုး၏ပုံစံကို ဈာန်မင်းတခေတ်တစ်ယောက်ပြုံးပြုံးကြီးကြည့်ကာ စကားတစ်ခွန်းကိုဆိုလိုက်သည်။

"မောင်.."

"ဟင်..? ဘာကိုလဲဟင်ခေတ်.."

ရုတ်တရက် 'မောင်' ဟုပြောလာသူအား ခွန်းကြောင်အ,စွာကြည့်လိုက်မိသည်။

"မောင် လို့ခေါ်ကြည့်ပါလား?"

"ဟင်..ခေတ်က ခေါ်စေချင်လို့လား?"

"အင်း အမြဲတမ်းတော့မဟုတ်ပါဘူး။ တစ်ခါတလေပေါ့... ဥပမာ- ခင်ဗျားနဲ့ပရောပရည်လုပ်နေတဲ့အချိန်မျိုး.. အဲ့လိုအချိန်ဆို ခင်ဗျားရဲ့ပါးစပ်က 'မောင်' လို့ခေါ်တာကြားချင်တယ်။ ပြီးတော့ခင်ဗျားနဲ့အတူနေတဲ့အချိန် ခင်‌ဗျားပါးစပ်က 'မောင်' လို့ခေါ်တာကိုကြားချင်တယ်...၊ ရမလား?"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now