Part-47(Unicode + Zawgyi)

Start from the beginning
                                        

ဈာန်မင်းတခေတ် ပြောကာ ထိုင်ခုံတွင်ထိုင်လိုက်သည်။ ဒေါ်နုဝေက ထမင်းခူးပေးပြီး သူကိုယ်တိုင်ပါဝင်စားလေသည်။ ဒေါ်နုဝေကိုအိမ်အကူအနေဖြင့်ခေါ်ထားပေမဲ့ ဈာန်မင်းတခေတ်က မိဘလိုအဒေါ်လိုပင်သဘောထား၍ဆက်ဆံသည်။ ထို့ကြောင့်ထမင်းစားလျှင်အတူစားကြပြီး တစ်ခုခုဆိုလဲ ဈာန်မင်းတခေတ်ကော ခွန်းနှောင်ကြိုးပါ တိုင်ပင်ကြသည်။ ရင်ဖွင့်ကြလေသည်။

ထမင်းစားပြီးသော်အခါ အိမ်ရှေ့ထွက်၍ နှစ်ယောက်သားလမ်းလျှောက်လေသည်။

"ကြိုးငယ်.."

"ဟင်.."

"ကိုယ်..ကိုယ်ဒီတစ်ပတ်အတွင်း New York ကိုသွားတော့မယ်.."

"....."

ခွန်းနှောင်ကြိုးငြိမ်ကျသွားလေသည်။ ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုး၏မျက်နှာအခြေအနေကိုကြည့်နေသည်။ ထို့နောက်သက်ပြင်းချကာ ဆက်ပြောလေသည်။

"ကြိုးငယ် လိုက်ချင်လား?"

ခွန်းနှောင်ကြိုးခေါင်းငုံ့ထားရာမှ ဈာန်မင်းတခေတ်အားမော့ကြည့်လာလေသည်။

"ရလားဟင်.."

"အင်း ကြိုးငယ်လိုက်ချင်နေတာမလား? ကိုယ်တို့တူတူသွားကြတာပေါ့.."

"အွန်း အွန်း ခွန်း.. ခွန်း ခေတ်သွားတဲ့နောက်ကိုအမြဲလိုက်မယ်.."

ခွန်းနှောင်ကြိုးမျက်ရည်များကျကာ ဈာန်မင်းတခေတ်အားပြန်ပြောလေသည်။ ဈာန်မင်းတခေတ်လည်း ခွန်းနှောင်ကြိုး၏မျက်ရည်များအားသုတ်ပေးကာ ဖက်ထားလိုက်သည်။ အစတည်းက သူသွားသည့်နေရာတိုင်းကိုခေါ်သွားမှာပဲပင်။ သို့သော်ခွန်းနှောင်ကြိုးလိုက်ချင် မလိုက်ချင်မေး၍ သူ့ဆန္ဒကိုထည့်‌စဉ်းစားပေးရမည်ဖြစ်သောကြောင့် မေးလိုက်ခြင်းဖြစ်လေသည်။

🌟🌟🌟

"ကလေး"

"ဟင်.."

"ကလေးသူငယ်ချင်းဆီမသွားဘူးလား?"

"ဟို...ပိုင်..."

"အင်း အင်း ကိုယ်နားလည်တယ် ကိုယ်နားလည်တယ် မငိုနဲ့တော့နော် .."

ထွန်းတောက်တစ်ယောက်ဘာစကားမျှဆက်မပြောနိုင်စွာ ငိုနေလေသည်။  ထွန်းတောက်တို့သတင်းကြားကြားချင်းပြန်လာချင်သော်လည်း အလုပ်ကိစ္စများကမပြတ်ဖြစ်နေသောကြောင့် သုံးရက် လေးရက်လောက်ကြာမှ ပြန်လာခဲ့ကြလေသည်။ ထွန်းတောက်တစ်ယောက် သူ့သူငယ်ချင်း မှာသော စတော်ဘယ်ရီသီးအား ပြင်ဦးလွင်မှ ဝင်ဝယ်ခဲ့ပါသေးသည်။ ရန်ကုန်သို့ပြန်ရောက်တော့လည်း ထွန်းတောက် ခွန်းနှောင်ကြိုးဆီမသွားပါ။ ခွန်းနှောင်ကြိုး အိပ်နေသည့်အချိန်မှသာ သွားသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now