Part-45 (Unicode + Zawgyi)

Start from the beginning
                                        

"ရော့.."

ဈာန်မင်း‌တခေတ် ဆေးအားပေးလိုက်ကာ သောက်ခိုင်းတော့ နာနာခံခံပင်ယူကာသောက်လေသည်။ ယခုဆိုလျှင် ခွန်းနှောင်ကြိုးကိုဆေးတိုက်ရတာက အရင်လောက်ကြီးမခက်ခဲတော့။

"ပြန်အိပ်တော့နော်..လိမ္မာတယ် ကိုယ့်ကြိုးငယ်က.."

ခွန်း ခေတ်အားခေါင်းသာညိတ်ပြလိုက်သည်။ ခွန်းမျက်လုံးများကအရမ်းစင်းနေလေပြီ။ ထို့ကြောင့်ခေါင်းအုံးပေါ်သို့ခေါင်းပြန်ချကာ တစ်ချိုးတည်းအိပ်တော့သည်။

ဈာန်မင်းတခေတ်ကတော့ MacBook ဖွင့်ကာအလုပ်လုပ်ရပြန်သည်။ ည10နာရီလောက်မှစာရင်းစစ်ပြီးတာကြောင့် MacBook ကိုပိတ်ကာ ညဝတ်အင်္ကျီလဲ၍အိပ်ရန်ပြင်သည်။

မအိပ်ခင်လဲ သူအမြဲပြောနေကြဖြစ်သောစကားလုံးလေးကိုပြောလိုက်ပါသေးသည်။

"အိပ်မက်လှလှမက်ပါစေ ကိုယ့်ကြိုးငယ်နဲ့ဒယ်ဒီ့ကလေးလေး"

ခွန်းနှောင်ကြိုး၏နှဖူးလေးကိုနမ်းကာ ဗိုက်ကလေးကိုပွတ်ပေးပြီးပြောလိုက်သည်။ ထို့နောက် အိပ်စက်ခြင်းဆီသို့.....။

🌟🌟🌟

နောက်တစ်နေ့တွင် ခွန်းနှောင်ကြိုးတစ်ယောက် သူ၏အဒေါ်ဖြစ်သူအိမ်သို့သွားရန်ပြင်ဆင်နေသည်။

"ပြီးပြီလား? သွားမယ်.."

"အွန်း" ဟုခွန်းနှောင်ကြိုးပြန်ပြောကာ နှစ်ယောက်သား အိမ်ရှေ့သို့ထွက်ခဲ့လိုက်သည်။ မနက်စာစားပြီးအိမ်အလုပ်လုပ်ပြီးမှသွားတာမို့ အချိန်သည်ကား 9နာရီရှိလေပြီ။

ဈာန်မင်းတခေတ်ကားထုတ်ပြီး စင်ဝင်အောက်ရပ်လိုက်သည်။ ထို့နောက်ခွန်းနှောင်ကြိုးတက်ပြီးသည်နှင့်စတင်မောင်းလေတော့သည်။

🌟🌟🌟

မီးပွိုင့်တွေကိုဖြတ်အပြီး ခဏအကြာ ခွန်းနှောင်ကြိုး၏အဒေါ်အိမ်သို့ရောက်လာလေပြီ။ ဈာန်မင်းတခေတ် ခြံထဲမဝင်တော့ဘဲ အိမ်အပြင်တွင်သာရပ်ပေးလိုက်သည်။

"ကိုယ်အထဲထိလိုက်မပို့တော့ဘူး။ သွားစရာလေးရှိနေလို့..နော်.."

"အွန်းပါ ရပါတယ်‌ ခေတ်ရဲ့.."

"ဘယ်အချိန်လာကြိုရမလဲ?"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now