Part-39(Unicode +Zawgyi)

Start from the beginning
                                        

🌟🌟🌟

ဒေါ်ခင်အေး အိမ်ပြန်ရောက်သည်နှင့် ထိုဆေးထုတ်လေးအား သူမ,၏အိပ်ခန်းထဲသို့သွားထားလိုက်သည်။ ပြီသည်နှင့် ပုံမှန်အတိုင်းသန့်ရှင်းရေးလုပ်ကာ ထမင်းဟင်းချက်သည်။

နေ့လယ်တွင် ဈာန်မင်းတခေတ်ကပြန်လာ၍ ထမင်းစားသည်။ ထမင်းစားပြီးသည်နှင့် ပြန်ထွက်သွားလေသည်။

ခွန်းနှောင်ကြိုးကတော့ နေ့လယ်စာကိုပြန်မစားပေ။ ပန်းဆိုင်အနီးရှိ ထမင်းဆိုင်တွင်သာအမြဲဝယ်စားသည်။

နေ့လယ်2နာရီတွင်-

"ခွန်း.."

"ပိုင်..."

"အဆင်ပြေရဲ့လား?"

ခွန်းနှောင်ကြိုး သူငယ်ချင်းဖြစ်သူအားပြုံးကာခေါင်းအသာယမ်းပြသည်။ ခွန်းနှောင်ကြိုးနှင့်ထွန်းတောက်ပိုင်သည် ညတိုင်းလိုလိုဖုန်းပြောဖြစ်ကြသည်။ ညဘက်မဟုတ်လျှင်လည်း နေ့ခင်းဘက်‌တွင်ဖုန်းပြောဖြစ်ကြသည်။ ထို့ကြောင့် ခွန်းနှောင်ကြိုး၏ ပြဿနာကိုအကြောင်းစုံသိပြီးလေပြီ။

ထွန်းတောက်ပိုင်တို့ ချစ်သူနှစ်ဦးသည် ပြင်ဦးလွင်မှပြန်ရောက်တာ ရက်အနည်းငယ်ကြာပြီဖြစ်သည်။

"ဟိုကောင်ကဘာတဲ့လဲ! တာဝန်မယူချင်ဘူးတဲ့လား?"

ဖုန်းထဲတွင် သေချာမမေးဖြစ်၍ထွန်းတောက်ပိုင် ယခုတွင်သူသိချင်သည်များကို မေးနေလေသည်။

"အင်း...သူက...သူက...လက်မခံနိုင်သေးတာနေမှာပါ..၊ ဟိုလို လုံးလုံးကြီးလက်မခံတာတော့မဟုတ်ပါဘူး။ သူလည်းငယ်သေးတာကိုး ရုတ်တရက်ကြီးဆိုတော့ ဘယ်လက်ခံနိုင်ပါ့မလဲ..."

ခွန်းနှောင်ကြိုး ထွန်းတောက်ပိုင်အား စကားလှအောင်ကြည့်ပြောလိုက်သည်။ ထွန်းတောက်သည်နဂိုကတည်းကမှ ဈာန်မင်းတခေတ်အား ကြည့်မရဖြစ်နေသည်။ ထို့ကြောင့် ယခုလိုကိစ္စဖြစ်အပြီး ပို၍ပင်အမြင်မကြည်ဖြစ်ရသည်။

"အကယ်လို့ သူတာဝန်မယူချင်လဲရတယ် ငါတာဝန်ယူတယ်၊ သူ့ကိုထားခဲ့လိုက်! ငါမင်းကိုကောင်းကောင်းမွန်မွန်ထားနိုင်ပါသေးတယ်၊ ငါ့စည်းစိမ်နဲ့မထားနိုင်ရင်တောင် ငါ့ချစ်သူရဲ့စည်းစိမ်ရှိပါသေးတယ်"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now