Part-37(Unicode + Zawgyi)

Comenzar desde el principio
                                        

"ဒေါ်လေးသန့်ရှင်းရေးလုပ်ရင်းဒါလေးကို သားခွန်းရဲ့ခေါင်းအုံးအောက်ကတွေ့လာတာ။"

ဒေါ်ခင်အေးထိုသို့ပြောလိုက်သောအခါ ဈာန်မင်းတခေတ် ထိုဓာတ်ပုံအားစိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်ကာ ဓာတ်ပုံကိုလည်း အငြိုးကြီးစွာဆုတ်ကိုင်ထားလေသည်။

ထိုပုံသည် ဘာပုံဖြစ်သည်ဆိုတာ ဈာန်မင်းတခေတ်လို ပညာတတ်တစ်ယောက်သည် ကြည့်ရုံနှင့်သိနိုင်ပါသည်။ ထိုပုံဟာကလေးပုံဖြစ်လေသည်။ ခွန်းနှောင်ကြိုးဟာလည်း သာမာန်ယောက်ျားတစ်ယောက်မဟုတ်။ ထိုအရာနှစ်ခုကိုဆက်စပ်တွေးကြည့်လျှင်ပင် ဈာန်မင်းတခေတ်လိုလူမျိုးကသိနိုင်လေပြီ။

ထိုပုံစံအရ ဈာန်မင်းတခေတ်ဒေါသထွက်နေပြီဆိုတာကို ဒေါ်ခင်အေးသိလိုက်ရသည်။ ထို့ကြောင့် ထိုဓာတ်ပုံလေးအားပေးပြီး ပြောစရာရှိတာပြောကာ ပြန်ထွက်လာလိုက်ပြီး သူမ,၏သူဌေးအားထိုအကြောင်းကိုလျှောက်တင်တော့သည်။

🌟🌟🌟

ခွန်းနှောင်ကြိုးကတော့ အိမ်တွင်ရှိသောပြဿနာကိုမသိစွာ အေးအေးဆေးဆေးပင်ပန်းဆိုင်လေးတွင်ထိုင်ကာ ပန်းရောင်းနေသည်။

ထွန်းတောက်တို့ချစ်သူစုံတွဲက ဘန်ကောက်မှပြန်ရောက်ပြီးမကြာ ထွန်းတောက်မိဘတွေရှိသည့် ပြင်ဦးလွင်ကို ဆင်းသွားကြသည်။

ခွန်းထိုအကြောင်းကိုကြားတော့ ကောင်းတာတစ်ခုခုဖြစ်တော့မယ်ဆိုတာကိုကြိုတင်ခန့်မှန်းမိလိုက်သည်။

ထွန်းတောက်၏မိဘများသည် ရှေးရိုးစွဲကြီးများမဟုတ်သဖြင့် ထွန်းတောက်၏ဖြစ်တည်မှုကို လက်ခံကြလေသည်။ သို့သော် ထွန်းတောက်တွင်ချစ်သူရှိသည်ကိုတော့မသိပေ။

မိုးမြင့်ခေါင်တို့အသိုင်းအဝိုင်းသည်လည်းထိုသို့ပင်။ ခေတ်နှင့်အညီနေထိုင်သောသူများဖြစ်သဖြင့် လိင်တူချစ်ကြိုက်ခြင်းကို မကဲ့ရဲ့ကြပေ။ လူတိုင်းကိုတန်းတူသာဆက်ဆံကြသည်။

ထို့ကြောင့်သူတို့နှစ်ယောက်၏အချစ်ရေးသည် ဆူးငြောင့်ခလုတ်ရှိမှာမဟုတ်ပေ။

ညနေ5နာရီမထိုးခင် ခွန်းနှောင်ကြိုးဆိုင်ပိတ်ကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။ အိမ်တွင်တော့ ပြဿနာတစ်ခုက စီးကြိုလို့သာ...။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Donde viven las historias. Descúbrelo ahora