"ခွန်းပြောပြီးလေ..အသိနဲ့ဖုန်းပြောနေတာလို့.. ခေတ်ကမေ့တတ်လိုက်တာ..." ခွန်းနှောင်ကြိုး ရယ်ကာ ဆေးလုံးထုတ်ရင်းပြောလိုက်သည်။

"အဲ့လောက်အကြာကြီး ဘယ်သူမလို့လဲ နှောင်ကြိုး"

ဈာန်ဘာဖြစ်နေလဲမသိ။ သူထိုကောင်လေးကိုယခုတအားရစ်ချင်နေလေသည်။

"ဟင်...ခေတ်ကနာမည်ပါသိချင်တာလား?"

"....."

ဈာန်ဘာမှပြန်မပြောလိုက်ပေ။ ကုတင်ပေါ်တွင်သာ ထိုင်၍ လက်ပိုက်ကာ ထို‌လူလုပ်သမျှကိုကြည့်နေလိုက်သည်။

ခွန်းနှောင်ကြိုးသဘောပေါက်သွားလေသည်။ ထို့ကြောင့်ခွန်းနှောင်ကြိုးသူဖုန်းဆက်သောသူအားပြောပြလိုက်သည်။

"ကိုသန့်ဇေပါ ခေတ်ရဲ့..၊ခွန်းဆေးအကြောင်းမေးနေတာ..အဲ့တာကြောင့်ကြာသွားတာရယ်.."

"ဟွန်းး ပြီးတာပဲ! ဟ..ဟတ်ချိုး"

"ဟင်..ခေတ်..မှန်း"

ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ်၏နှဖူးလေးပေါ်လက်လေးတင်ကာ စမ်းလိုက်သည်။

"အယ်..ခေတ်ဖျားနေပြီ"

ခွန်းနှောင်ကြိုးကတော့ သက်သာသွားကာ ဈာန်မင်းတခေတ်ကတော့ ဖျားသွားလေပြီ။

ဈာန်မင်းတခေတ်လက်ဖြင့်နှာခေါင်းကိုပွတ်လိုက်သည်။ ခေါင်းကလည်းကိုက်ချင်နေပြီဖြစ်သည်။ ထို့ကြောင့်နှာခေါင်းရှုံ့လိုက်ကာ ပြောလိုက်သည်။

"အဲ့တာခင်ဗျားကြောင့်"

"ဟင်..‌ခွန်းကြောင့်"

ခွန်းနှောင်ကြိုးကြောင်သွားလေသည်။

*ခေတ်ဖျားတာ ဘယ်လိုဖြစ်လို့ငါ့ကြောင့်ပါလိမ့်? အဖျားများကူးသွားတာလားပဲ...*

"ဟုတ်တယ်။ ခင်ဗျားပဲ 'အေးတယ် အေးတယ်'ဆိုပြီး ကျွန်တော့်ရင်ခွင်ထဲ ရောက်ရောက်လာတာလေ..ကျွန်တော့်မှာအိပ်ရေးကလည်းပျက်သေး။ ခင်ဗျားကိုယ်ပူပူကြီးနဲ့ကိုအဖက်လဲခံရသေးတယ်.."

"အာ...ခွန်း...ခွန်းတောင်းပန်ပါတယ်နော်..."

"ထားပါ။ အခုတော့ ကျွန်တော့်ကိုပါ ဆေးတစ်ခွက်စာပေး။"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Место, где живут истории. Откройте их для себя