Part-29(Unicode + Zawgyi)

Start from the beginning
                                        

"ဟုတ်ပါတယ်..ခွန်း အိမ်မှာပဲအိပ်လိုက်စားလိုက်နေ,နေတာပါ။ အခုက ခွန်း..ခွန်း...ခွန်းစိတ်မပါလို့ပါ။"

ခွန်းဘာပြောရမယ်မှန်းမသိတော့သောကြောင့် စိတ်မပါ၍ဟူသည့် ခေါင်းစဉ်ကိုသာတပ်လိုက်တော့သည်။ ခေတ်ယုံမယုံတော့မသိပေ။

"ကောင်းပါပြီ၊ ကျွန်တော်အပြင်ခဏသွားလိုက်ဦးမယ်"

ခေတ်၏စကားကြားပြီးနောက် ခွန်းမျက်လုံးများပြူးကျယ်သွားသည်။

*ခေတ်...ခေတ်က အပြင်ထွက်မယ်..၊ ငါ..ငါငြင်းလိုက်လို့ ခေတ်က တစ်ခြားလူတစ်ယောက်နဲ့အပျော်သွားရှာမှာလား၊ မမပြောသလိုများ ခေတ် ငါ့ကိုစိတ်ကုန်သွားပြီလား*

တွေး‌ရင်းတွေးရင်းဖြင့်ပင် ခွန်းဝမ်းနည်းလာမိသည်။

"ဟင့်..ဟင့်...ခေတ်..... ခေတ်..ကျေးဇူးပြုပြီး.....ကျေးဇူးပြုပြီး အပြင်မထွက်လို့ရမလားဟင်... ခေတ် ခွန်းကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့နော်..ဟင့်"

ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုး၏ စကားများကြောင့် အနည်းငယ်ခေါင်းရှုပ်သွားသည်။ သူကအောက်ထပ်ဆင်းကာ သူ့(ခွန်းနှောင်ကြိုး) အတွက် နွားနို့ယူပေးမလို့ပင်။ ညနေက ထမင်းမစားသည်ကိုအမှတ်ရသွား၍ ‌နွားနို့တစ်ခွက်နှင့်မုန့်တစ်ခုခုသွားယူရန် အောက်ထပ်ကိုဆင်းမည်ဖြစ်သောကြောင့် အပြင်ခဏဟု ပြောလိုက်ခြင်းဖြစ်သည်။

ခွန်းနှောင်ကြိုးက ဘာကိုတွေးမိကာ ပြောသည်မှန်း ဈာန်တကယ်နားမလည်ဖြစ်နေသည်။ သို့သော်လည်း သူ့ကိုနောက်ကျောမှ ဖက်ကာငိုနေသည့်သူအားအငိုတိတ်ရန် ချော့ရပေအုံးမည်။ ထို့ကြောင့်ရှေ့သို့လှည့်ရန် လက်ကိုဖြုတ်ချလိုက်သည်။

"ခေတ်... ခေတ်..မသွားပါနဲ့နော်..ဟင့်..ခေတ်အခုအတူနေချင်တာမလား၊ ခွန်း...ခွန်း ဟင့် ခွန်းလိုက်လျောပေးပါ့မယ်၊ အပြင်ကို‌မထွက်သွားပါနဲ့နော်.. ခွန်းတောင်ပန်ပါတယ် ခေတ်ရယ်..အီးးဟီးးးးး"

ခွန်းသူဖက်ထားသော သူ့လက်များကို ခေတ်ကဖြုတ်လိုက်သောကြောင့် ခေတ် အပြင်ကိုထွက်သွားမည်ဟုထင်ကာ ပို၍ ရှိုက်ငိုကာ ခေတ်အားပြောမိသည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now