Part-27(Unicode + Zawgyi)

Start from the beginning
                                        

မြတ်အောင်ပြောလိုက်တော့ ဇေယံတစ်ယောက်မျက်နှာမအီမလည်နှင့် လာရပေသည်။ ထို့နောက်ဈာန်မင်းတခေတ်ကိုလည်း ချော့ကာခေါ်ရပေသည်။

မြတ်အောင်ကတော့ သူပြောလို့ဟုထင်ကာ အပျော်ကြီးပျော်သွားလေသည်။ သို့သော် ဇေယံတစ်ယောက် မြတ်အောင်ကြောင့်မဟုတ်ဘဲ တစ်စုံတစ်ယောက်ကြောင့်ဆိုတာ ဇေယံနှင့်ထိုတစ်စုံတစ်ယောက်မှလွဲ မည်သူမှမသိကြပေ။

ထို့နောက်သူတို့ခြောက်ယောက် သတို့သားသတို့သမီး၏အခန်းရှေ့သို့အမြန်သွားကာ ရွှေကြိုးတားကြလေသည်။ သူတို့အုပ်စု၏နောက်မှာမှ သတို့သားနှင့်သတို့သမီး၊ နှစ်ဖက်မိဘများနှင့် လူကြီးများလိုက်လာကြလေသည်။

ယခုသူတို့သူငယ်ချင်းတစ်သိုက်ရောက်နေသည့်အိမ်သည် နဂိုကတည်းက သန့်ဇေထွန်း၏အိမ်ဖြစ်သည်။ ငွေစင်ကြိုးနှင့်သန့်ဇေထွန်းက လက်မထပ်ခင်ကတည်းက Living togetherနေကြတာပင်။

သို့သော် ငွေစင်ကြိုးက ယခုအချိန်ထိအပျိုစစ်စစ်ပင်။ အဘယ်ကြောင့်ဆိုသော် သန့်ဇေထွန်းသည် မိကောင်းဖခင်သားသမီးလဲဖြစ်သလို ဆရာဝန်လည်းဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ငွေစင်ကြိုးတို့နှစ်ယောက်ဟာ လက်မထပ်မချင်း သွေးသားမနှီးနှောကြပင်။ ငွေစင်ကြိုးသည်သန့်‌ဇေထွန်းလိုလူမျိုးနှင့်လက်ထပ်ရလိုက်သောကြောင့် ကမ္ဘာမှာကံကောင်းသည့်မိန်းကလေးတစ်ဦးဖြစ်မှာအသေအချာပင်။ ချစ်ရသူ၏တန်ဖိုးထားခြင်းကိုခံရတာနဲ့တင်အလွန်ပင်ကံကောင်းလှနေပြီဖြစ်သည်။

"ဟယ်..နင်တို့ကဟယ် အကုန်လုံးလား? ဟိုနှစ်ယောက်ကကောဘယ်လိုဖြစ်ရတာတုန်း ငါကနင်တို့မတားလောက်ဘူးထင်နေတာ.."

ငွေစင်ကြိုးတစ်ယောက် ပြုံးရယ်ကာ သူငယ်ချင်းများအားစနောက်နေလေသည်။ အမှန်ကအားလုံးအတွက် ပါပြီးသားပင်။

"ခဏ ခဏအစ်ကိုတို့ကျန်သေးတယ်.."

ငွေစင်ကြိုးတို့အနောက်မှအသံတဆာဆာဖြင့်အော်ကာ ထွန်း‌တောက်တစ်ယောက်ပြောလာသည်။

"ဟာ..အစ်ကိုတို့နှစ်ယောက်တော့ မတားတော့ပါနဲ့နော်.."

ငွေစင်ကြိုးမျက်နှာငယ်လေးဖြင့် ချစ်စဖွယ်ဖြစ်အောင်ပြောကာ စလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now