Part-24( Unicode + Zawgyi)

Comenzar desde el principio
                                        

ထူးသက်အပြတ်အသတ်ငြင်းလိုက်တော့ ကျော်ဇင့်မှာ ပါးစပ်လေးဟလျက် ပြန်ပြောချိန်တောင်မရှိလိုက်။ မြတ်အောင်ကလည်း ပြောရင်းတန်းလန်း စကားများကလေပေါ်တွင်ပျောက်သွားလေသည်။

"ငွေစင်တစ်ယောက်တစ်ခန်းပေးဟာ"

မနေနိုင်သည့်အဆုံး ကျော်ဇင်ကပြောလိုက်သည်။

"ဟယ် နင်တို့ကလည်း ငါ့အိမ်မှာဧည့်သည်ခန်းက လေးခန်းပဲရှိတာ"

"ကျန်တစ်ခန်း ငါ့ပေးလိုက်လေ"

မြတ်အောင်ကပြောလာသည်။

"အဲ့တာက အခုလိုနင်တို့အဝေမတဲ့မှာစိုးလို့မပေးတာ၊ နောက်ပြီး ဧည့်သည်ထပ်ရောက်အုံးမှာဟ!"

ငွေစင်ပြောလိုက်တော့ မြတ်အောင်နှင့်ကျော်ဇင်ကသက်ပြင်းချလာသည်။ ထိုအခါ ငွေစင်ကပဲနေရာချပေးတော့သည်။

"ပေး သော့၊ ရော့ ဇေယံ နင်နဲ့ထူးသက်တစ်ခန်းနေလိုက်၊ ကျော်ဇင် နင်နဲ့မြတ်အောင်ကတစ်ခန်းနေ"

ထိုအခါမှ ကျော်ဇင်နှင့်မြတ်အောင်လည်း မတတ်နိုင်တော့၍ နှာမှုတ်ကာအခန်းသော့ကိုယူလိုက်ကြသည်။ မတည့်အတူနေနှစ်ယောက် တစ်ခန်းထဲကျပြန်ပြီပေါ့။

"ဒါဆိုငါသွားနားပြီ"

ထူးသက် ဇေယံ့လက်ထဲမှသော့ကိုယူကာ luggage ကိုဆွဲ၍ထွက်သွားလေသည်။

"အပေါ်တည့်တည့်သွားပြီး ဘယ်ဘက်ခြမ်းကစစချင်းက‌ရေရင်ဒုတိယမြောက်အခန်းနော်"

ငွေစင် ထူးသက်အားလှမ်းပြောလိုက်သည်။

"နင်တို့က အစွန်ဆုံးအခန်း ဟိုးးဘက်ကထိပ်ဆုံးအခန်း"

"အေးပါ အေးပါ"

စိတ်မပါလက်မပါဖြင့်ပြောလိုက်သည်။ ထို့နောက် luggageတစ်ယောက်တစ်လုံးစီယူကာ အပေါ်သို့တက်သွားကြသည်။

"ငါလည်းသွားနားတော့မယ် ဟိုတစ်ယောက်နိုးလာရင် ဘယ်ရောက်နေမှန်းမသိလို့ ငိုနေအုံးမယ်"

ငွေစင်နဲ့ဇေယံခေါင်းညိတ်ပြလိုက်သည်။ဈာန်မင်းတခေတ်အ‌ပေါ်တက်သွားမှ ငွေစင်ကစကားစလိုက်သည်။

"နင်ကောအဆင်ပြေရဲ့လား"

ငွေစင်က သူ့သူငယ်ချင်း၏ ခံစားချက်ကိုသိထား၍ပြောလိုက်သည်။ ဇေယံက အမြဲခပ်တည်တည်နေတာဖြစ်သည်။ ဈာန်နဲ့ဇေယံဟာအတူတူပင်။ မိန်းကလေးများ၏ အသည်းကျော်နှင်းဆီပန်းခိုင်ကြီးနှစ်ပွင့်ဖြစ်လေသည်။ ဈာန်က ရေခဲတုံးဆို ဇေယံက ကျောက်တောင်လိုပင်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Donde viven las historias. Descúbrelo ahora