Part-24( Unicode + Zawgyi)

Start from the beginning
                                        

"အမယ်လေးးနော် မချစ်ဘူးသာဆိုတယ်၊ ဂရုစိုက်နေလိုက်ပုံများ..ပြောကိုမပြောချင်ပေါင်။ ချစ်များချစ်လို့ကတော့လေ ဘယ်လောက်တောင်သည်းသည်းလှုပ်လိုက်မဲ့ဖြစ်ခြင်းလဲ"

သူငယ်ချင်းများထဲမှ မိန်းကလေးဖြစ်သောငွေစင်ကြိုးက ပြောလာသည်။ အားလုံးကလည်းပြောချင်နေသည်မို့ ငြိမ်ကာ ထောက်ခံနေကြသည်။

"ငါယူထားမှတော့ ငါ့ယောက်ျားပေါ့၊ ငါဂရုမစိုက်လို့ သူ့ကိုဘယ်သူဂရုစိုက်မှာလဲ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

ငွေစင်ပြုံးကာ ခေါင်းလေးတညိတ်ညိတ်ဖြင့်

"ငါပင်ပန်းနေပြီ၊ နားချင်တယ် ငွေစင် ငါ့အတွက်အခန်းကကော"

ထူးသက်မေးလိုက်သည်။ သူလည်း‌ပင်ပန်းနေပြီဖြစ်သည်။

"ဪ..အေး နင်တို့လေးယောက် နှစ်ယောက်တစ်ခန်းအတူနေကြ၊ ရော့အခန်းသော့တွေ"

ငွေစင် သော့နှစ်ချောင်းကိုစားပွဲပေါ်ချပေးတော့ ကျော်ဇင်နဲ့မြတ်အောင်က ခြေမြန်လက်မြန်တစ်ယောက်တစ်ချောင်းကောက်ယူလေသည်။

"ငါက ဇေယံနဲ့အတူအိပ်မယ်"(မြတ်အောင်)

"ငါကထူးသက်လေးနဲ့အတူအိပ်မယ် နော် ထူးသက်"(ကျော်ဇင်)

ထူးသက်မျက်နှာရှုံ့မဲ့သွားသည်။ ကျော်ဇင်နှင့်သူအတူမအိပ်ချင်ပါ။ ကျော်ဇင်ကအိပ်ရေးကြမ်းသည်။

"ငါမင်းနဲ့အတူမအိပ်ဘူး"

ဇေယံကခပ်တည်တည်ပြောလာသည်။ ထိုအခါ မြတ်အောင်က မျက်နှာငယ်လေးဖြင့်ပြန်ပြောသည်။

"ဘာလို့လဲ? ငါကအိပ်ရေးမကြမ်းပါဘူးကွာ.."

"ဒါပေမဲ့ ဟောက်တယ်လေ"

ဇေယံလက်ပိုက်ကာ အရှေ့ကိုကြည့်နေရင်းမှ ဘေးမှာရှိသောမြတ်အောင်ဘက်သို့လှည့်ကြည့်လာသည်။

"မင်းကလည်းကွာ...ကိုယ့်သူ"

"ငါလည်းမင်းနဲ့မအိပ်ဘူးနော်..၊ မင်းကအိပ်ရေးကြမ်းတယ်၊ ဟိုးးးတစ်ခေါက် ငါတို့ငွေဆောင်သွားတုန်းက မင်းနဲ့တစ်ခန်းထဲနေပြီးကတည်းကငါကြောက်သွားတာ"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now