Part-23(Unicode + Zawgyi)

Start from the beginning
                                        

ထိုအခါ အသက်ရှုကြပ်လို့ထင်ပါသည်။ အင်းအဲဖြင့် နိုးလာကာ ဈာန့်အား အတင်းဖယ်ထုတ်နေတော့သည်။

"အင်း..ပြွတ်စ်.. အွန်းး အမ်းးး"

ခွန်းနှောင်ကြိုး၏ညည်းသံများကလည်း ပလုံစီကာထွက်လာလေသည်။ နောက်ဆုံးနမ်းလို့ဝမှ လွှတ်ပေးကာ ဈာန် ကိုယ့်နှုတ်ခမ်းအားလက်မဖြင့်သပ်လိုက်ပြီးရယ်လိုက်သည်။

"ချိုသားပဲ"

"ခေတ်....!!"

ထိုတစ်ခွန်းသာခေါ်ပြီး ခွန်းဘာမှထပ်မပြောတော့ပေ။ ထို့နောက် ခွန်းဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ အိမ်တွင်မဟုတ်တော့ဘူးဆိုတာကို သိလိုက်ရသည်။

"ခေတ်..ဒါဘယ်နေရာရောက်နေတာလဲဟင်.."

"လေယာဉ်ပေါ်မှာလေ...ခင်ဗျားရဲ့.."

"ဟင်..လေယာဉ်ပေါ်.."

ထိုသို့ပြောကာ ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်လိုက်တော့ အင်္ကျီကလဲပြီးသာပင်။ ဒါဆိုခေတ်လဲပေးထားတာပေါ့။

"ဘာလို့မနှိုးတာလဲ ခေတ်ရဲ့.."

"ခင်ဗျားအိပ်နေတာအိပ်ရေးပျက်မှာစိုးလို့"

"ရပါတယ်..ခွန်းအိပ်ရေးဝပါတယ်"

"ဟုတ်ရဲ့လားဗျာ..အိမ်ကနေ ဇေယံ့ကားပေါ်၊ ဇေယံ့ကားပေါ်ကနေ ဒီလေယာဉ်ပေါ်အထိကို တစ်ချက်မှနိုးမလာတာ အိပ်ရေးဝတာ ဖြစ်နိုင်ပါ့မလား?"

"ဟီးး အဲ့တာကတော့...၊ အဲ့တာက ခေတ်ကြောင့်မဟုတ်လား? ပြော..ပြော.."

ခွန်းနှောင်ကြိုးရယ်ကာ ပြောလိုက်ပြီးမှ သတိရသွားကာပြောလိုက်သည်။

"....."

ဈာန်မင်းတခေတ် ပြောစရာပင်ပျောက်ရှသွားရသည်။ ပြီးနောက်စိုက်ကြည့်ကာ ခွန်းနှောင်ကြိုးဘာဆက်ပြောမလဲ နားထောင်နေလိုက်သည်။

"ခေတ်ပဲ ခွန်းကိုအတင်းတွေအိပ်ခိုင်းနေတာလေ....၊ အဲ့တာကြောင့်ပြန်အိပ်ပျော်သွားတာ.."

ဈာန်မင်းတခေတ်ဘာမှမပြောပါဘဲဖြေရှင်းချက်ထပ်လာပေးသော ခွန်းနှောင်ကြိုးပါလေ။

"ဟော်ဗျာ.. နောက်ဆုံးတော့လည်း ကျွန်တော့်အမှားပဲဖြစ်သွားရတာပဲပေါ့၊ ဟုတ်လား?"

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now