Part-23(Unicode + Zawgyi)

Começar do início
                                        

"မနက်စာစားပြီးပြီလား ဈာန်"

"ဟင့်အင်း မင်းတို့ကော"

ဈာန်မင်းတခေတ် ဘုန်းဇေယံ၏အမေးကိုဖြေကာ ပြန်၍မေးလိုက်သည်။

"မစားရသေးဘူး၊  လေယာဉ်ပေါ်ရောက်မှစားမလို့ဆိုပြီး မစားခဲ့ဘူး"

"အင်း"

ဈာန်မင်းတခေတ် ထိုတစ်လုံးသာဖြေလိုက်သည်။

"ဟေ့ကောင်တွေ မင်းတို့ကောစားပြီးကြပြီလား?"

"မင်းဘယ်လိုထင်လဲ ၊ဇေယံ"

မြတ်အောင်ကပြန်ဖြေလိုက်သည်။ ကျန်သူများကတော့ ဖုန်းကြည့်မပြတ်။

"မစားရသေးဘူးမလား? ဝေ့မနေနဲ့ လာကြစားမယ်"

"အိုကေပါ..။ ဟေ့ကောင်တွေ မင်းတို့နှစ်ကောင်ကြားတယ်နော်..‌နောက်မှမကျန်ရင်လာမပြောနဲ့!"

မြတ်အောင် ဖုန်းကြည့်မပြတ်သော နှစ်ယောက်အားပြောလိုက်သည်။ ထိုအခါမှထိုနှစ်ယောက်က ဖုန်းချကာ စားရန်လုပ်တော့သည်။ လေယာဉ်ပေါ်တွင် စားစရာများစွာရှိသော်လည်း မြတ်အောင် မသိသလိုပြောလိုက်သည်။

"အစ်ကိုခွန်းကော မစားရသေးဘူးမလား?"

ထူးသက် ခွန်းနှောင်ကြိုးအားမတွေ့၍မေးလိုက်သည်။

"ဟုတ်တယ်..၊သူအိပ်နေလို့ ထားလိုက်ပါ။ သူနိုးမှစားမှာပေါ့"

"အေးပါ အဲ့တာဆိုလဲ မြန်မြန်လာချခိုင်းတော့..၊ ငါဗိုက်ဆာလာပြီ"

ထူးသက်ပြောတော့ မြတ်အောင်က

"မင်းတို့ပဲ အမျိုးမျိုး..စောနကကျ ဖုန်းကြည့်မပြတ်ဘဲနဲ့!!"

"ဘာဖြစ်လဲ ငါ့မျက်လုံးနဲ့ငါကြည့်တာလေ..ငါပါးစပ်နဲ့ငါစားချင်တာ ဘာဖြစ်လဲကွာ..!မကျေနပ်ဘူးလား ဟေ့ကောင် by 1ချမလား? ခုဂိမ်းထဲဝင်လိုက်!"

"မင်းကိုကြောက်မယ်များထင်နေလား? လူကြည့်တော့ 5ပေ1လက်မအရပ်လောက်နဲ့!"

"အောင်မာ မင်းကများငါ့အရပ်ကို စော်စော်ကားကားလာပြောနေတယ်.."

ထူးသက်နဲ့မြတ်အောင်ရန်ဖြစ်နေတာကို ကျန်လူများကလည်း ကြည့်ကာ ခေါင်းတယမ်းယမ်း။ ဈာန်မင်းတခေတ် ထိုနှစ်ယောက်ကိုခဏမျှကြည့်ပြီး ခွန်းနှောင်ကြိုးရှိရာသို့လာလိုက်သည်။ ဈာန်မင်းတခေတ်ရောက်တော့ ခွန်းနှောင်ကြိုးကအိပ်နေတုန်းပင်။ ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုးအား ကြည့်‌နေရင်း နမ်းချင်လာသဖြင့် နှုတ်ခမ်းရဲရဲလေးအား အနမ်းမိုးများရွာသွန်းပေးလိုက်သည်။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Onde histórias criam vida. Descubra agora