"ခင်ဗျားလက်သည်းတွေညှပ်လိုက်အုံး၊ နောက်တစ်ခါကျွန်တော်ကျောရစရာမရှိ မဖြစ်အောင်လို့...ဟက်..!"
ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ်၏အပြောကြောင့်ကိုယ့်လက်သည်းကိုယ်ပြန်ကြည့်လိုက်သည်။ လက်သည်းမှာ အနည်းငယ်ရှည်စပြုနေပြီ။ ထို့ကြောင့် အချိန်ဆွဲမနေဘဲ လက်သည်းညှပ်ယူကာ အောက်ထပ်သို့ဆင်းကာလက်သည်းသွားညှပ်လေသည်။
(Tulip's Note-ကျူးလစ်လဲကုတ်ချင်၊ ကိုက်ချင်တယ်လေ လူတို့ရယ်...)
🌟🌟🌟
13ရက်1လ
အချိန်သည်တစ်ရွေ့ရွေ့ကုန်ဆုံးလာပြီးနောက်တစ်လသို့ပင်ကူးပြောင်းလာခဲ့ပြီ။ အခုဆိုခွန်းလဲနေကောင်းသွားပြီဖြစ်သည်။ ခေတ်ကလည်း အရင်လိုတအားကြီးမအေးစက်တော့။ မနွေးထွေးပေမဲ့ မအေးစက်တော့ပေ။ သို့သော်စကားကိုတော့ လိုတာထက်ပိုမပြောပေ။ ဒါကလည်းသူ့အကျင့်မို့ ခွန်းနေသားကျနေပြီဖြစ်သည်။ အရင်လောက်မစိမ်းတော့ရင်ပဲ ခွန်းကျေနပ်ပါပြီ။
ဒီအတောအတွင်း ကိစ္စအနည်းငယ်ဖြစ်ပျက်သွားသေးသည်။ ခေတ်ကခွန်းကိုယုံမယုံမသိပေမဲ့ အခုထိတော့မယုံကြည်သည့်ပုံစံမျိုးမဖြစ်သေး။ ခွန်းညတိုင်းဆေးတစ်ချို့သောက်တာကို ခေတ်သိသွားသည်။ တော်သေးသည်က ခေတ်ကခွန်းဆေးသောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေဘာမျှမပြောပေ။ ဘာဆေးသောက်သည်ဆိုတာလဲမမေး။ ဒါကြောင့်ခွန်းလည်း ထွေထွေထူးထူးရှင်းပြမနေတော့ပေ။
ပြီးတော့ ဒေါ်လေးကလည်း ပိုက်ဆံထပ်တောင်းလာသေးသည်။ ခွန်းစိတ်တွေလည်း တကယ်ညစ်နေပြီ၊ ဒေါ်လေးက ပိုက်ဆံသိန်းငါးဆယ်တောင်းသည်။ သို့သော်အဲ့လောက်ပိုက်ဆံအများကြီး ခွန်းဆီမှာမရှိ။ ပန်းဆိုင်ကရောင်းရတဲ့ငွေအနည်းငယ်သာရှိသည်။ ပိုင့်ဆီကနေလည်းထပ်မချေးချင်တော့၊ ပိုင်ကခွန်းပိုက်ဆံချေးလျှင် ချေးပေးမည်ဖြစ်သော်လည်း ခွန်းချေးထားသည်မှာများလေပြီ၊ ထို့ကြောင့်ထပ်မချေးချင်တော့အားနာရသည်။ ခေတ်ဆီကလည်းမတောင်းချင်ပေ။ ခေတ်ကပြောထားသည်မလား။
"ဘာတွေငေးပြီးတွေးနေတာလဲ နှောင်ကြိုး"
ခွန်းပန်းပင်များကိုရေလောင်းကာငေး၍ တွေးနေတုန်းခေတ်ကနောက်မှရောက်လာသည်။ တော်သေးသည်ခွန်း ခေါင်းပဲလှည့်လိုက်လို့သာ။ မဟုတ်ရင် ခေတ်ကိုစိုကုန်တော့မှာပင်။
ESTÁS LEYENDO
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasíaဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
Part-18(Unicode + Zawgyi)
Comenzar desde el principio
