Part-18(Unicode + Zawgyi)

Start from the beginning
                                        

ဆေးကိုခါးလို့ဆိုပြီးမသောက်ဘူးငြင်းသည်။ ပြီးလျှင်ကိတ်မုန့်ကျွေးပါမည်ဟုပြောတော့ ဆေးအရေအတွက်များသည်ဟုဆိုလာသည်။ တကယ် တစ်ခုပြီးတစ်ခုရစ်တာဆိုတာ ဝက်အူထက်တောင်ပိုသေးသည်။ မနက်ကလဲထိုအတိုင်းပါပင်။ ဆေးတိုက်ခြင်းအမှုပြီးသွားတော့မှ ဈာန်လည်း အေးဆေးအနားယူရတော့သည်။

ခွန်းနှောင်ကြိုးနှင့်နောက်တစ်ခါအတူနေလျှင် ဒီထက်ပိုပိုပြီးညင်သာပေးရပါမည်။ ခွန်းနှောင်ကြိုးဖျားမှာ ဈာန်ဒီတစ်ခေါက်နဲ့တင်အတော်ကြောက်သွားပါပြီ။ သူ့ကိုနောက်ထပ်ဘယ်တော့မှမဖျားစေတော့ရန် ဈာန်ကြည့်ရှုရမည်ဟု ‌မှတ်ထားလိုက်သည်။

ညနေ 4နာရီလောက်တွင်ခွန်းနှောင်ကြိုးတစ်ယောက်နိုးလာလေသည်။ အိပ်ရာမှနိုးတော့ ဘေးဘီဝေ့ဝိုက်ကြည့်လိုက်တာ မည်သူ့ကိုမှမတွေ့ရ။

ခွန်း ကုတင်မှထ,ထိုင်ကာ တွေတွေလေးငေးနေသည်။ ခဏကြာတော့ ရေချိုးခန်းတံခါးမှာပွင့်လာပြီး ခေတ်ကထွက်လာသည်။

ခွန်း အပေါ်ပိုင်းဗလာနှင့်ခေတ်အား စိုက်ကြည့်လိုက်သည်။ အရင်အတိုင်းပါပဲ ခေတ်၏ခန္ဓာကိုယ်သည်ကြည့်ကောင်းနေစမြဲ...။ သို့သော် ခွန်းအနည်းငယ်မျက်နှာပူကာ အားနာမိသွားသည်။ အဘယ်ကြောင့်ဆိုသော် ခေတ်၏ပခုံးတွင် ကိုက်ရာများနှင်ပြည့်နှက်နေသည်။ ခေတ်ကတော့ ခွန်းကိုဂရုမစိုက်စွာ ခေါင်းကိုသုတ်ကာ အဝတ်ဗီရိုထဲမှ အင်္ကျီထုတ်နေသည်။ ခေတ်၏နောက်ကျောကိုသေချာမြင်ရမှ ခွန်း ပိုပို၍ပင် အားနာသွားရသည်။

ခေတ်၏နောက်ကျောမှာ ပခုံးထက်ပင်ပိုဆိုးသေးသည်။ ကုတ်ရာခြစ်ရာများနှင့်ပင်။ တစ်ချို့ဆို သွေးပင်စို့နေသေးသည်။

"ကြည့်မနေနဲ့! အဲ့တာခင်ဗျားလုပ်ခဲ့တာတွေ..."

"ခွန်း...ခွန်း တောင်းပန်ပါတယ်...."

"....."

ခွန်းပြောသောအခါ ခေတ်ကဘာမှတော့ပြန်မပြော။ ဗီရိုထဲမှအဝတ်စားထုတ်သွားကာ ရေချိုးခန်းထဲဝင်သွားလေသည်။ သို့သော်ဝင်ခါနီးမှခေတ်ပြောလ်ိုက်သောစကားကြောင့် ခွန်းမျက်နှာမှာနီရဲတွတ်သွားပြီး ထားစရာနေရာပင်မရှိတော့ပေ။

𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}Where stories live. Discover now