"ဟင်..ခေတ်......"
ခွန်း ခေတ်ကိုတွေ့လိုက်သောအခါ ပိုပို၍ဝမ်းနည်းကာဘေးနားရောက်လာသော ခေတ်အားဖက်၍အားရစွာငိုလိုက်သည်။ စောနကနာနေသောဒဏ်လဲဘယ်နားရောက်သွားမှန်းမသိ။ နာကျင်မှုအစား ဝမ်းနည်းမှုတို့က ဝင်ရောက်လာသည်။
ရုတ်တရက် ထငိုကာ ကိုယ့်ကိုလာဖက်သောသူအား ဈာန်ပြန်၍ဖက်ပေးကာ နူးညံ့နေသောဆံပင်လေးအား အပေါ်အောက်ပွတ်ပေးလိုက်သည်။ ငိုနေသူကတော့ မမောနိုင်မပန်းနိုင် ရှိုက်ကြီးတငင်ငိုနေလေသည်။ ဈာန့်၏ မိုးပြာရောင်အင်္ကျီလေးမှာ ထိုကောင်လေးကြောင့် ရင်ဘတ်တစ်နေရာတွင်ဝိုက်ကာ စိုနေလေသည်။
"မငိုနဲ့တော့!တိတ်..ခင်ဗျားနေမကောင်းဘူးလေ၊မျက်စိနာမယ်၊ လာ...ပြန်လှဲနေလိုက်၊ ကျွန်တော်ရေပတ်တိုက်ဖို့ ရေဇလုံသွားယူလိုက်အုံးမယ်"
"ဟင့်..."
ပုံမှန်ဆို ငြင်းမိမှာမှန်ပေမဲ့ ယခုအခါတော့ခွန်းမငြင်းမိပေ။ ခေတ်ပြောသည့်အတိုင်းပင် ခွန်းပြန်လှဲနေကာ စီးကျနေသောမျက်ရည်များအားသုတ်လိုက်သည်။ တစ်ချက်တစ်ချက်တွင်တော့ ရှိုက်သံများထွက်လာသေးပါသည်။
ခဏအကြာရေချိုးခန်းထဲမှ ရေဇလုံတစ်ခုနှင့် မျက်နှာသုတ်ပုဝါတစ်ခုကိုယူကာ ဈာန်မင်းတခေတ်ပြန်ထွက်လာခဲ့သည်။ ခွန်းနှောင်ကြိုးကတော့မျက်ရည်တစမ်းစမ်းဖြင့် ဈာန်မင်းတခေတ်လုပ်သမျှကိုလိုက်ကြည့်နေသည်။
ဈာန်မင်းတခေတ်ကတော့ခွန်းနှောင်ကြိုးအားမကြည့်ဘဲ လုပ်စရာရှိတာကိုသာလုပ်ပေးနေသည်။ ခွန်းနှောင်ကြိုးအားရေပတ်တိုက်ပေးပြီး မျက်နှာသစ်ခိုင်းကာ သွားတိုက်ရန်အတွက်ရေချိုးခန်းထဲသို့ ပွေ့ချီကာပို့ပေးခဲ့လိုက်သည်။
ခွန်းနှောင်ကြိုးရေချိုးခန်းဝင်နေသည့်အချိန် ဈာန်မင်းတခေတ်စောနကယူလာသော ဆန်ပြုတ်အားအောက်သို့ပြန်ယူကာ နွှေးရန်ဒေါ်အေးအားပြောလိုက်သည်။ နွှေးပြီးပြန်တက်လာသည့်အချိန်၌ ခွန်းနှောင်ကြိုးကရေချိုးခန်းထဲမှ ဖြည်းဖြည်းချင်းထွက်လာကာ မျက်နှာသုတ်နေသည်။
"မျက်နှာထပ်သစ်ခဲ့တာလား?"
"အွန်းဟုတ်တယ်...စောနကသစ်ရတာအားမရလို့ အဲ့တာကြောင့်ပြန်သစ်လိုက်တာ.."
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
Part-17(Unicode+ Zawgyi)
Start from the beginning
