ခွန်း ခေတ်အားဘာမျှမပြောတော့ဘဲ တိတ်တိတ်လေးနေကာ ငြိမ်ငြိမ်လေးနေ၍ ခေတ်မောင်းတဲ့ဆီသို့သာလိုက်လာခဲ့သည်။ မနက်ခင်း စောစောထ ထားသောကြောင့် ခွန်း မျက်ခွံများလေးလာကာ အိပ်မက်ကမ္ဘာဆီသို့အလည်ရောက်သွားတော့သည်။
ဈာန်အိမ်သို့ရောက်သောအခါ ဘေးမှလူကို ကြည့်လိုက်မိတော့ ထိုလူသားလေးမှာ အိပ်ပျော်နေလေရဲ့။ ဈာန်ခေါင်းလေးအသာယမ်းကာ ရယ်လိုက်မိသည်။
*တကယ်ကိုချစ်ဖို့ကောင်းလွန်းတယ်...*
ဈာန် ခွန်း၏ဘယ်ဘက်ပါးလေးအား အသာထိလိုက်သည်။ ပါးလေးမှာအယောင်ကျသော်လည်းအနည်းငယ်နီရဲကာနေသည်။
ဈာန်မင်းတခေတ် ကားထဲမှထွက်ကာညာဘက်တစ်ဖက်ခြမ်းသို့လာပြီး ခွန်းနှောင်ကြိုးအား အသာမ,လိုက်သည်။ နေရာရွေ့သွားသဖြင့် ခွန်းနှောင်ကြိုးဆီမှ *အင်းအဲ* ဟူသောအသံလေးများထွက်လာသည်။ ဈာန်မင်းတခေတ်လည်း ကလေးကိုသိပ်သလို ကျွတ်ကျွတ်ဖြင့်လုပ်ပေးလိုက်တော့မှ ရင်ခွင်ထဲအတင်းတိုးကာ ပြန်အိပ်ပျော်သွားလေသည်။
ဈာန်မင်းတခေတ် ခွန်းနှောင်ကြိုးအားပွေ့ချီလာကာ အိပ်ပေါ်ထပ်မှ သူ၏အခန်းထဲသို့ ခေါ်လာခဲ့လိုက်သည်။ အိပ်ခန်းထဲရောက်မှ သာသာလေး ကုတင်ပေါ်ချပေးကာ စောင်လေးခြုံပေးပြီး ရေချိုးရန်ပြင်လိုက်တော့သည်။
မိနစ်အနည်းငယ်ကြာသောအခါ ခွန်းနှောင်ကြိုးအိပ်နေရာမှနိုးလာခဲ့သည်။
ခွန်းမျက်လုံးဖွင့်လိုက်တော့ အိပ်ရာတစ်ခုပေါ်တွင်ဖြစ်သည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ရင်းနှီးသလိုဖြစ်နေသည်။ သို့သော်မသေချာပါ။
*ခွန်း ခေတ်ရဲ့ကားပေါ်မှာ အိပ်ပျော်သွားသည်မဟုတ်လား။ အခုဘယ်လိုဖြစ်လို့...*
ခွန်းဆက်တွေးကြည့်နေလိုက်သည်။ ခဏလောက်ကြာတော့ ရေချိုးခန်းတံခါးမှာပွင့်လာသည်။ ခွန်းအသံကြားရာကိုကြည့်လိုက်တော့ ခေတ်ကိုတွေ့လိုက်သည်။ ဒါဆိုသေချာပါပြီ ခွန်း ခေတ်ရဲ့အိမ်သို့ရောက်နေသည်ဆိုတာ။
ရေချိုးခန်းထဲမှထွက်လာသည့်ခေတ်ကအောက်ပိုင်းကိုသာ တဘက်တစ်ထည်ဖြင့်ပတ်ထားသည်။ ခွန်း ခေတ်ရဲ့အပေါ်ပိုင်းကိုငေးကြည့်နေမိသည်။ ခေတ်ရဲ့ ပုခုံးမှာ ကျယ်ပြီး အသားရေမှာလဲ ဖြူဖွေးကာနေသည်။ လက်မောင်းကြွက်သားကြီးများမှာလဲ အားကစားလုပ်မှန်းသိသာသည်။ ကြီးမားကာတုတ်ခိုင်နေသည်။ ဝမ်းဗိုက်ရှိ ကြွက်သားများမှာလည်း....1..2..3..4..5..6..7..8.. OMG!! 8ခုတောင်တဲ့..။ ခွန်းရေတွက်ပြီးသကာလှ ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်မိသည်။(ဝမ်းဗိုက်ကို) ခွန်း၏ဝမ်းဗိုက်မှာဘာမျှမရှိ ပြားချပ်ကာနေသည်။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
Part-8 (Unicode + Zawgyi)
Start from the beginning
