သူငယ်ချင်းများက ဈာန်မင်းတခေတ်အားဝိုင်း၍ဆုတောင်းပေးကြသည်။ ဈာန်မင်းတခေတ်လဲခေါင်းတစ်ချက်ညိတ်ပြကာ သူတို့အုပ်စုခွက်တိုက်အပြီးစားကြသောက်ကြသည်။
ဈာန်မင်းတခေတ်၊ ဘုန်းဇေယံ၊ ထူးသက်၊ မြတ်အောင်သူ၊ ထက်ကျော်ဇင် ဆိုသည့်သူငယ်ချင်းငါးယောက်သည် အထက်တန်းထဲကပေါင်းလာသောသူငယ်ချင်းများဖြစ်ကြသည်။ ထိုထဲမှ ဈာန်မင်းတခေတ်နှင့်ဘုန်းဇေယံမှာ ငယ်ငယ်ကတည်းကပင် တူတူကျောင်းတက်လာသော ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်သည်။ မိဘများမှာ သူငယ်ချင်းများဖြစ်ကြ၍ သူတို့နှစ်ယောက်မှာလည်း ငယ်စဉ်အရွယ်တည်းက အတူစား၊အတူသွား၊အတူလာ ပေါင်းသင်းလာသောငယ်သူငယ်ချင်းအရင်းကြီးဖြစ်လေသည်။ ထို့ကြောင့် ဈာန့်၏ အချစ်ဆုံးသူငယ်ချင်းမှာ ဇေယံဖြစ်သလို ဇေယံ့၏ အကောင်းဆုံးသူငယ်ချင်းမှာလဲ ဈာန်သာဖြစ်သည်။
🌟🌟🌟
နေ့လယ်3နာရီလောက်တွင် ခွန်းနိုးလာခဲ့သည်။
နေ့လယ်ကဒေါ်လေးတို့နှင့်စကားပြောအပြီး ဆေးသောက်၍တစ်ချိုးတည်းအိပ်လိုက်တာ ယခုမှပင်နိုးလာခဲ့သည်။ ခွန်း ခေတ်အိမ်မှာလဲ ရေချိုးခဲ့ပေမဲ့ နေရတာတစ်မျိုးဖြစ်နေ၍ရေထပ်ချိုးရန်ပြင်လိုက်သည်။ ရေချိုးနေရင်း ခွန်းမနေ့ညကအဖြစ်အပျက်များကိုပြန်တွေးနေမိသည်။
20 December At 7:00 PM
"ခွန်းနှောင်ကြိုးရေ...မပြီးသေးဘူးလား? နောက်ကျနေပြီဟဲ့!!!'
"လာပါပြီ မမကလျာ..ခွန်းပြီးပါပြီ"
"သွားမယ်..တကယ်တည်းယောက်ျားလေးဖြစ်ပြီးဘာတွေလုပ်နေရမှန်းကိုမသိဘူး"
"ခွန်း ခေတ်အတွက်မွေးနေ့လက်ဆောင်ပြင်နေလို့ပါ။"
ခွန်းပြောလိုက်တော့ မမကလျာကမဲ့ကာပြန်ပြောလာသည်။
"နင်မွေးနေ့လက်ဆောင်က ဈေးကောကြီးရဲ့လား?ပြီးတော့ တန်ဖိုးကောရှိရဲ့..."
"ဟို...တန်ဖိုးမရှိပေမဲ့...ခွန်း.."
"တော်တော့ တော်တော့ နားငြီးတယ်.."
ခွန်းလဲဘာစကားမှထပ်ကာမပြောဖြစ်တော့ပေ။ ခွန်းရဲ့လက်ဆောင်ကတန်ဖိုးမရှိပေမဲ့..ခွန်းခေတ်ကိုပေးချင်လွန်းလို့ အားတဲ့အချိန်များတွင်အနားမယူဘဲခေတ်အတွက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ခွန်းပေးတဲ့လက်ဆောင်က မာဖလာပင်ဖြစ်သည်။ ခွန်းကိုယ်တိုင်ခေတ်အတွက်အကောင်းဆုံးထိုးထားသောကြောင့် ခေတ်ကိုပတ်စေချင်သည်။ တန်ဖိုးမရှိပေမဲ့ပေါ့...။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
Part-4(Unicode+Zawgyi)
Start from the beginning
