ဒေါ်လေးအော်ပြောလိုက်တာမို့ ခွန်းကိုယ်လေးတုန်ကာ လန့်သွားသည်။ ထို့ကြောင့် ဘာမှဆက်မပြောဘဲ ပါးစပ်သာပိတ်နေလိုက်သည်။ အမှန်ဆို ခွန်းတစ်ကိုယ်လုံးဘာနာကျင်ကိုက်ခဲမှုမှမရှိ။ ကိုယ်ပေါ်မှာ အနီကွက်တွေကလွဲလို့ပင်။
"မမသီရယ်..စိတ်လျှော့ပါ။ ဒီအခြေအနေထိရောက်မှတော့ ကလေးတွေကိုနေရာချပေးရတော့မှာပေါ့.."
"ဟုတ်ပါတယ် မသီသီရယ်..၊ ကျွန်တော်တို့ဘက်က သားခွန်းကိုအားလုံးတာဝန်ယူပါတယ်..၊ နှစ်ဖက်ကလည်း မိတ်ဆွေတွေပဲကိုဗျာ..၊ ဒီကိစ္စကို အကျယ်မချဲ့ကြဘဲနေကြတာပေါ့.."
ဦးစိုင်းသစ်တခေတ် သူ၏ဇနီးဖြစ်သူ စကားကိုထောက်ခံကာပြောလိုက်သည်။ သားခွန်းလို လူတော်လူရိုးလေးနှင့်သာဆို သူတို့သားကို သူတို့စိတ်ချသည်။ သားခွန်းက ပြောလို့ပြောတာမဟုတ် လူကြီးမိဘကိုရိုသေသည်။ သားခွန်းနှင့်သိသည့်လူတိုင်းက သားခွန်းကိုချစ်ခင်ကြသည်။
သူများသားသမီးကိုမကောင်းပြောတာမဟုတ်။ ဒေါ်သီသီလင်း၏သမီး မျိုးကလျာလင်းလို ကလပ်တက်တက်နဲ့မြန်မာမိန်းကလေးဖြစ်ပြီး အဝတ်အစားဝတ်လျှင် ဒူးပေါ်ပေါင်ပေါ်ဝတ်ပြီး night out ထွက်၊ ရည်းစားရှုပ်သည့်လူစားမျိုးနှင့် သူတို့သား မတွေ့တာကံကောင်းသည်။ သားခွန်းလိုလူမျိုးကို သမက်တော်ရတာ သူတို့တကယ်ကံကောင်းသည်။ သားခွန်းက ယောက်ျားလေးဖြစ်ပေမဲ့ပေါ့...။
"ကဲ ကဲ သားတို့လဲရေမိုးချိုးပြီး အောက်ထပ်ဆင်းလာခဲ့ကြ..၊ ကျွန်တော်လူကြီးတွေ အောက်ဆင်းကြရအောင်ဗျာ.."
ဦးစိုင်းသစ်တခေတ်ပြောမှ ဒေါ်မြတ်သီရိနွယ်လဲ ကလေးနှစ်ယောက်ကိုပြန်ကြည့်မိသည်။ အဝတ်စားအခုထိမဝတ်ရသေးပေ။ ထို့ကြောင့် ဒေါ်သီသီလင်းကိုခေါ်ကာ အောက်ထပ်သို့ဆင်းခဲ့ကြသည်။
"ကဲပါ မမသီရယ်..မြတ်တို့အောက်ဆင်းစောင့်ကြရအောင်..လာနော်.."
ထိုအခါမှ လူကြီးများအားလုံးအခန်းထဲမှထွက်သွားလေသည်။
"တစ်ခုခုပြောစရာမရှိဘူးလား? ခွန်း နှောင် ကြိုး!"
ခွန်း ခေတ်၏စကားသံကိုကြားရပြီး အနည်းငယ်စိတ်မသက်မသာဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ခေတ်က စကားကိုတစ်ခွန်းချင်းပြော၍ ခွန်း၏နာမည်အပြည့်အစုံကိုခေါ်ကာ သွားကြားထဲကလေဖြင့် အံကြိတ်ကာပြောသောကြောင့်ဖြစ်သည်။
YOU ARE READING
𝒀𝒐𝒖'𝒓𝒆 𝒕𝒉𝒆 𝒐𝒘𝒏𝒆𝒓 𝒐𝒇 𝒎𝒚 𝒉𝒆𝒂𝒓𝒕.. {Completed}
Fantasyဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) 🌷Second Fiction🌷 {COMPLETED} White Tulip🌷🤍
Part-1(Unicode+Zawgyi)
Start from the beginning
