ကျန်လူငယ်ယောက်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ကြသော်လည်း ဘာမှ မပြောဝံ့ပါချေ။

လူငယ်အများစုက သိုင်းဆရာသခင်အဆင့်နှစ်မှာသာ ရှိကြပြီး အမြင့်ဆုံးက အဆင့်သုံး ဖြစ်သည်။ သို့ဖြစ်ပေရာ ၎င်းတို့က အဆင့်လေးသိုင်းဆရာသခင်၏ ပြိုင်ဘက်မဖြစ်နိုင်ပါချေ။

"သေစမ်း… ငါဒီမှာ ခုနစ်ရက်တောင်စောင့်နေခဲ့ရတာကွာ… အခုတော့ ငါစောင့်နေရတာ အလကားဖြစ်ပြီပေါ့"
အရပ်ရှည်ရှည်နှင့်လူငယ်က လက်ခံချင်ပုံ မရပါချေ။ သို့သော်လည်း ဘာမျှမပြောဝံ့ဘဲ အနောက်ကိုသာ ဆုတ်သွားလိုက်ရပေတော့သည်။

အခြားသူတွေလည်း တိတ်ဆိတ်စွာ အနောက်ကို ဆုတ်လိုက်ကြသည်။

"ဟားဟားဟား"
လျိုမာကျီက အောင်နိုင်သူတစ်ယောက်လို ရယ်မောလိုက်ပါသည်။

ချက်ချင်းပဲ သူက လုမင်ကိုလှည့်ကြည့်ကာ ပြောလိုက်သည်။
"ကောင်လေး… မင်းရဲ့လျှို့ဝှက်ခန်းကို ငါလိုချင်တယ်… မင်းမှာ အက္ခရာကျောက်တွေရှိသေးရင်လည်း ငါ့ကိုအကုန်ပေး… ပြီးရင် ဒီကနေ ထွက်သွားလိုက်တော့… မင်းဦးလေးက ဒီနေ့စိတ်ကောင်းဝင်နေတော့ မင်းတို့ကိုခက်ခဲအောင် မလုပ်တော့ဘူး"

'အဆင့်လေး သိုင်းဆရာသခင်'
လျိုမာကျီက သူ၏ကျင့်ကြံခြင်းအခြေခံကို ထုတ်ဖော်လာသောအခါ မင်ဖုန်းက မစိုးရိမ်တော့ပါချေ။ ထိုအစား သူဟာ လျိုမာကျီကို ထူးခြားသောမျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

လုမင်ဆိုတာက အဆင့်သုံး၊အဆင့်လေး သိုင်းဆရာသခင်များစွာကိုပင် တစ်ကွက်တည်းဖြင့် လွင့်စင်သွားစေနိုင်သူ ဖြစ်ပေသည်။ အနှီလျိုမာကျီက ဘာများထူးခြားနေမှာမို့လဲ။

မင်ဖုန်း၏ နှလုံးသားထဲတွင် လျိုမာကျီအတွက် ကြိုတင်ဝမ်းနည်းနေခဲ့ချေပြီ။

'သနားစရာကောင်းလိုက်တာ'
လျိုမာကျီ၏ မာနထောင်လွှားနေသော မျက်နှာအမူအရာကိုကြည့်ကာ မင်ဖုန်းက စိတ်ထဲကနေ ရေရွှတ်လိုက်သည်။

"မင်းဒီလိုလုပ်ချင်တာ သေချာပြီလား… ပြန်မစဉ်းစားချင်တော့ဘူးလား"
လုမင်က လျိုမာကျီကိုကြည့်ကာ ပြုံးလျက်ပြောလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now