Chapter 271

4.5K 456 15
                                    

" ကျန်းဟောင် ?"

ယုပေါ်ယွင် နည်းနည်း စိတ်ရှုပ်သွားတယ် ။

" သူက ခင်ဗျားဆီ ဘာလာလုပ်တာလဲ "

ကုဖုန်းက လက်ထဲမှ တန်ဖိုးကြီးဖောင်တိန်ကို လှည့်ပြီး
" ပိုက်ဆံလာချေးတာ "

ယုပေါ်ယွင် အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ် ။

ကျန်းဟောင် ကုဖုန်းဆီမှာ ပိုက်ဆံလာချေးလိမ့်မယ်လို့ သူ လုံးဝတွေးမထားမိဘူး ။

" ကြည့်ရတာ သူ့လွတ်လပ်ခွင့်အတွက် သူ့မိဘတွေနဲ့ လောင်းကြေးထပ်ခဲ့ပုံ ရတယ် .. လောင်း‌ကြေးကတော့ ကျန်းအိမ်‌ရဲ့ အထောက်အပံ့မပါဘဲ သူ့လက်သူ့ခြေနဲ့ အောင်မြင်အောင်လုပ်ဖို့ပေါ့ .. အဲ့ဒါကြောင့် ကျန်းအိမ်က ရှိသမျှ အထောက်အပံ့ အကုန် ပြန်သိမ်းလိုက်ပြီး သူ့ကို လက်ဗလာနဲ့ အိမ်ကထွက်သွားခိုင်းလိုက်တာ "

ကုဖုန်းစကားကြားတော့ ယုပေါ်ယွင်အတွေးထဲ ဖျတ်ခနဲ ပေါ်လာတာ လိခေးမျက်နှာ ။

" စီးပွားရေးသမားတွေဆိုတာက ‌‌အမြဲ ဈေးတွက်တွက်နေတတ်သူတွေ မဟုတ်လား .. ထောင်မြင်မှ ရာစွန့်ကြတာလေ "

ကုဖုန်းက အပြုံးလေးစွက်ပြီး ဆက်ပြောတယ် ။

" ကျန်းဟောင်က ခြေလှမ်းကျဲကျဲ လှမ်းချင်တယ် .. ဒါပေမဲ့ သူ့မှာ ကျောထောက်နောက်ခံ ပြုစရာ မရှိဘူး .. ဒါကြောင့် ကိုယ့်ကို လာရှာတာ "

ယုပေါ်ယွင်က ဘောလုံးလေးနဲ့ဆော့နေတဲ့ ကုကျားယွဲ့ကို ဖက်ထားတယ် ။

" အဲ့တော့ ခင်ဗျား ဘာလုပ်မှာလဲ "

ကုဖုန်းက ယုပေါ်ယွင်ကို သူ့ဘေးနားဆွဲယူပြီး ကျားယွဲ့လေးလက်ကို ဖွဖွပွတ်ကာ ခပ်ဖြည်းဖြည်း ဆိုတယ် ။

"  ကိုယ့်မှာ အကြံရှိတယ် .. ဒါပေမဲ့ မင်း သဘောကျပါ့မလား ကိုယ် မသိဘူး "

" ပြောကြည့် "

" ကျန်းဟောင်က စားသောက်ကုန်လုပ်ငန်း လုပ်ချင်နေတာ .. အဓိက,က နာမည်ပေါ့ .. နာမည်အသစ်နဲ့ ဈေးကွက်ထဲ ထိုးဖောက်နိုင်ဖို့က အတော်မလွယ်တဲ့ ကိစ္စ .. အောင်မြင်လာဖို့အတွက် အချိန်အများပြီး ပေးရမယ် .. ငွေအား လူအားလည်း ရင်းရမယ် .. သူ မရင်းနိုင်ဆုံးက အချိန် ..အဲ့ဒါကြောင့် သူက နာမည်ရပြီးသား စားသောက်ကုန်တစ်ခုကိုမှီပြီး အဲ့နာမည်နဲ့ အရည်အသွေးကောင်းတဲ့ တခြားစားသောက်ကုန်တွေ ထုတ်, ဈေးကွက်ထဲ ဖြန့်မယ်ပေါ့ကွာ "

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now