Chapter 249(Z+U)

2.9K 476 9
                                    

အန်ကယ်လီကိုယ်တိုင် တယုတယပျိုးထားတဲ့ ပန်းဥယျာဉ်လေးက ဒီနှစ်မှာတော့ ငွားငွားစွင့်စွင့်နဲ့ တစ်ပွင့်မကျန် ဖူးပွင့်လာကြပြီ ။

ပန်းများက အရောင်အသွေးစုံစွာ သူ့ထက်ငါ အလှချင်းပြိုင်လို့ ။ နှင်းဆမ်းထားတဲ့ ပွင့်ချပ်လေးများပေါ် နေခြည်နုထွေးလေး ဖြာကျလာတဲ့အခါ ရွှေမှုန်ရွှေစများ ကြဲချလိုက်သလို မျက်စိပဒါသရှိလွန်းပေစွ ။

ကုအိမ်တော်တစ်ခွင်ဟာ ပန်းအလှ ၊ ပန်းရနံ့များ သင်းထုံကာ နွေးထွေးမှုအပေါင်း ခညောင်းစွာနဲ့ သခင်နှစ်ယောက်ကို သောင်းသောင်းဖြဖြ ကြိုဆိုလျက် ။

ကုဖုန်းနဲ့ ယုပေါ်ယွင် အိမ်ပြန်ရောက်လာခဲ့ပြီ ။

သူတို့က အိမ်မှုကိစ္စအဝဝအတွက် အိမ်အကူတွေကို တာဝန်မပေးဘဲ ဗီလာတစ်ခုလုံး အပေါ်ထပ်,အောက်ထပ်မကျန် ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေးလုပ်ကြတယ် ။ တစ်နေ့လုံး မနားတမ်းကို အလုပ်များနေကြတာ ။

သေချာတာပေါ့ ရွှေဇွန်းကိုက်မွေးလာတဲ့ ဂုဏ်ကြီးရှင် ကုဖုန်းက ဒါမျိုး တစ်ခါမှာ မလုပ်ဖူးဘူး ။ ဒါပေမဲ့လေ မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုသလို ချစ်ရတဲ့ ကြင်သူသက်လျာလေးနဲ့အတူတူ လုပ်နေရတာမို့ မောရပန်းရမှန်းတောင် မသိရှာဘူး ။ သွားအဖြီးသားနဲ့ ပါးစပ်မစေ့နိုင်အောင်ကို အပျော်လွန်နေတာပေါ့ ။

( မောတယ်ပန်းတယ် သဘောမှာ မထားလို့ရယ် .. မောင့်ကိုရောင်းကာ မုန့်ဝယ်စားပစ်မယ် 😂 .. ဘာသာပြန်သူ ငယ်ဘဝက မျက်နှာပြောင်ပြီး ဆိုခဲ့တဲ့ သီချင်းပါ 😅)

ယုပေါ်ယွင်နဲ့ ကုဖုန်းက စိတ်ကူးထားတဲ့အတိုင်း သူတို့ရဲ့အိပ်ခန်းကို ပြန်လည်နေရာချပြီးတဲ့နောက်မှာ အတော်လေး စိတ်ချမ်းမြေ့သွားတယ် ။ အိပ်ခန်းလေးက မြင်သူတိုင်းကို ခုတင်ပေါ်တက်အိပ်ချင်စိတ်ပေါက်အောင်ကို ဆွဲဆောင်နိုင်လွန်းတယ် ။

သူတို့အခန်းပြီးတော့ သားတော်မောင်ရဲ့ အခန်းလေးကိုလည်း ပြင်ဆင်နေရာချပြန်တယ် ။ ထို့နောက် စာကြည့်ခန်း ၊ စတူဒီယိုခန်းလေး နဲ့ ဧည့်ခန်း ၊ ကျယ်ဝန်းလှတဲ့ လေသာဆောင်နဲ့တကွ .........။

Big Bossရဲ့ ကိုယ်ဝန်လွယ်ထားရပြီ (Book 2)Where stories live. Discover now